အကယ်ဒမီပေးပွဲကို ပကာသနမပါပဲ ခုံဖိနပ်စီးပြီး ဆုတက်ယူခဲ့တဲ့ မင်းသမီးကြီး(ဒေါ်)မြတ်မွန်…

အကယ်ဒမီပေးပွဲကို ပကာသနမပါပဲ ခုံဖိနပ်စီးပြီး ဆုတက်ယူခဲ့တဲ့ မင်းသမီးကြီး(ဒေါ်)မြတ်မွန်…

ပရိသတ်ကြီးတို့ရေ သရုပ်ဆောင် မင်းသမီး မြတ်မွန်ကို ငယ်ငယ်ထဲက ကြားဖူးပါတယ်။သူမက နာမည်အရမ်းကြီးစဉ် ကျွန်တော်တို့က ငချွတ်ပဲရှိသေးတော့ မမှီလိုက်ပါဖူး။သူမရဲ့ အကယ်ဒမီဆုတောင် ကိုယ့်ထက် နှစ်နှစ်ကြီးသေးတယ်။ရုပ်ရှင်မင်းသမီးချော မြတ်မွန်ကို (၁၉၄၂)ခုနှစ်မှာ မွေးဖွားခဲ့လို့ အခုဆို အသက်(၈၀)ထဲ ဝင်နေပါပြီ။မြန်မာ့ရုပ်ရှင် မင်းသားမင်းသမီးတွေနဲ့ ပတ်သက်ရင် လူကြီးတွေဆီက မကြာခဏ ကြားဖူးနေတာက မြတ်မွန် ချောချောနုနုလေးကို ဒါရိုက်တာ သာဓုကြီးက ကောက်ယူပစ်လိုက်တာ သာဓုဆိုတာ မောင်ဝဏ္ဏတို့ သုမောင်တို့ အဖေလေ အဖိုးကြီး..

အခုခေတ် ဖေ့စဘွတ် ကျေးဇူးကြောင့် အရမ်းလှတာပဲလို့ ငယ်စဉ်က မကြာခဏကြားဖူးခဲ့တဲ့ မင်းသမီး မြတ်မွန်ရဲ့အလှကို မြင်တွေ့ခဲ့ရပါတယ်။မင်းသမီးချော ခင်သန်းနု၊ တင်တင်ညို တို့လို မြန်မာမင်းသမီးချော ချောတာမျိုးမဟုတ်ပဲ မြတ်မွန်ရဲ့အလှက ကိုရီးယား မင်းသမီးတယောက်လို ချောတာလို့ မြင်မိပါတယ်။(၁၉၅၉)ခုနှစ် အကယ်ဒမီဆု ချီးမြှင့်ပွဲမှာ ကကြီးရေက ရုပ်ရှင်နဲ့အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်အကယ်ဒမီဆု ရရှိခဲ့ပါတယ်။

မြန်မာ့အသံ မြက်ခင်းပြင်မှာလုပ်တဲ့ အကယ်ဒမီဆုနှင်းသဘင်မှာ တက်ရောက်ဆုယူခဲ့တဲ့ မင်းသမီးချောမြတ်မွန်ရဲ့ ဝတ်စားဆင်ယင်မှုဟာ ခေတ်ရှေ့ နှစ်ငါးဆယ်လောက် ပြေးနေပါတယ်။ကကြီးရေက ရုပ်ရှင်ထဲကလို ဝတ်စားလာဖို့ သာဓုက ညွှန်ကြားလို့ ဝတ်လာရတာလို့ ဖတ်ဖူးပါတယ်။(၁၉၅၈)ခုနှစ် ဒါရိုက်တာသာဓု ရိုက်ကူးတဲ့ ကကြီးရေက ဇတ်ကားရိုက်ချိန်က မြတ်မွန်အသက် ၁၆ နှစ်ပဲရှိသေးပြီး မင်းသားထွန်းဝေနဲ့တွဲဘက် သရုပ်ဆောင်ခဲ့ပါတယ်။

မင်းသမီး မြတ်မွန် ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားပေါင်း နှစ်ဆယ်ရှိပြီး ဖတ်စကလပ် (First Class), ဇာခန်းဆီးနောက်ကွယ်မှာ နှင့် ၁၉၇၀ ခုနှစ်ထွက်ရှိတဲ့ ကတ္တီပါဖိနပ်စီးရွှေထီးဆောင်း ရုပ်ရှင်ကားများဟာ အောင်မြင်လူကြိုက် များခဲ့တယ်။နောက်ဆုံးရိုက်ကူးထားတဲ့ကားက ၂၀၁၉ ခုနှစ်မှာထွက်တဲ့ ဒါရိုက်တာလူမင်း ရိုက်ကူးတဲ့ နို့ဘီလူးကားမှာ ပါဝင် သရုပ်ထားပါတယ်။

သရုပ်ဆောင် မင်းသမီးချော မြတ်မွန်ဟာ ရုပ်ရှင်ဒါရိုက်တာသာဓုနှင့် အိမ်ထောင်ကျခဲ့ပြီး တဦးတည်းသောသား အာယု(မေဆွိ နာမည်ကျော် မောင် သီချင်းတေးရေးဆရာ)ကိုရရှိပြီး မြတ်မွန်တို့ လင်မယား ကွာရှင်းခဲ့တယ်။

မင်းသမီး မြတ်မွန်ဟာ အကော်ဒီယံအုန်းကျော်နဲ့ အိမ်ထောင်သစ် ထူထောင်ခဲ့ပြီး သားသမီးနှစ်ယောက် ရရှိခဲ့တယ် သမီးသက်ငုံဖူးနဲ့ သားဇာနည်ပါ။မင်းသမီးချော မြတ်မွန်ဟာ အောင်မြင်မှုရနေတဲ့ အသက် (၃၂)နှစ်အရွယ်မှာ ရုပ်ရှင်လောကနေ အနားယူခဲ့ပါတယ်။ ရုပ်ရှင်မင်းသမီးကြီး (ဒေါ်) မြတ်မွန်ဟာ မိသားစုနဲ့ ကျမ်းမာစွာ နေထိုင်လျက်ရှိပါတယ်။C r d_to_owner

Be the first to comment

Leave a comment

Your email address will not be published.


*