BS(61)အပြာ ခရီးသည်တင်ယာဉ်ပေါ်တက်ပြီး သံတုတ်များဖြင့် ရိုက်နှက်ပြီး ဖုန်းများလုယက်ခြင်း

YBS(61)အပြာ ခရီးသည်တင်ယာဉ်ပေါ်တက်ပြီး သံတုတ်များဖြင့် ရိုက်နှက်ပြီး ဖုန်းများလုယက်ခြင်း

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ သမိုင်းဈေးဘူတာရုံလမ်းတွင် နိုဝင်ဘာလ(၈)ရက်နေ့ ညနေပိုင်းတွင် သံတုတ်ကိုင်ထားသည့် လူတစ်စုသည် YBS ခရီးသည်တင်ယာဉ်ပေါ်သို့တက်ကာ ခရီးသည်များကို ရိုက်နှက်၍ ဖုန်းများလုယူခဲ့ကြောင်း သိရပါတယ်။

“(61)ကားပေါ်မှာဖြစ်တာ သမိုင်း၊ဦးဘဟန်မှတ်တိုင်ကနေ တက်လာကြတာ ညနေ(4:20)လောက်အချိန်က လူမိုက်(5)ယောက်လောက်ရှိမယ် တိုးတိုးတိုးဆိုပြီး ဖုန်းဒေလိုက်တောင်းကြတယ် အစကတော့ တစ်ရောက်ရောက်ဆီက ဖုန်းအနှိုက်ခံရလို့ ကူညီပေးတယ်ထင်တာ ဖုန်းပေး ဖုန်းပေးဆိုတော့

ဘယ်ဟုတ်မလဲ လူမိုက်တွေက လိုက်တောင်းနေကြတာ အဓိကက ယောင်္ကျားလေးတွေကို ဦးတည်ပြီးတောင်းတာ ဖုန်းကြည့်နေတဲ့လူကိုလဲ တောင်းတယ် မပေးတော့ အဲ့ကောင်လေးကို မျက်နှာကိုကြည် သံတုတ်ချောင်းနဲ့ ရိုက်တယ် ကိုယ်ရပ်နေတဲ့ အနောက်ခုံက ကောင်လေးကို ဝိုင်းရိုက်ကြတာ မျက်နှာဒေစုတ်ပြတ်သတ် ကောင်လေးဆိုသနားပါတယ် အော်တယ် ကယ်ကြပါဦးတဲ့ ဘယ်သူမှ မကယ်ရဲကြဘူး ပြတင်းပေါက်ကနေ ခုန်ဆင်းသူကခုန်ဆင်း သူတို့လက်မှာ သံတုတ်ချောင်းတွေ ကိုင်ထားကြတယ် ဖုန်းပေး ဖုန်းပေးဆိုပြီး

ယောင်္ကျားလေးတွေကို ရိုက်ပြီး တောင်းတယ် သူတို့ထဲပါလာတဲ့တရောက်က ဘာမှမဖြစ်ဖူး ဘာမှမဖြစ်ဖူးဆိုပြီး ဘေးကနေ ကာပေးထားတယ် နောက်ခုံက အတွဲလင်မယားကို ကောင်လေးဆီက ဖုန်းပေးဆိုပြီး တောင်းတယ် သူ့ကောင်မလေးက ဘာလို့ပေးရမှာလဲဆိုပြီး မတ်တတ်ရပ်ပြီးပြောတော့ ကောင်မလေးကို နင်နဲ့ဘာဆိုင်လို့လဲဆိုပြီး ရိုက်ပလိုက်တယ်”ဆိုပြီးရေးသားထားတာပါ။

လုယက်သူများသည် ခရီးသည်တင်ယာဉ်နောက်မှ Taxi Probox အဖြူရောင်တစ်စီးဖြင့် လိုက်လာခြင်းဖြစ်ပြီး အဆိုပါအငှားယာဉ်ပေါ်က လူ(၇)ဦးခန့်သည် သံတုတ်များကိုင်ဆောင်၍ YBS(61)ယာဉ်ပေါ် တက်ရောက်ကာ ခရီးသည်များကို သံတုပ်များဖြင့် ရိုက်နှက်ပြီး ဖုန်းများလုယက်ခဲ့ခြင်းဖြစ်ပါတယ်။သံတုတ်များဖြင့် ရိုက်နှက်မှုကြောင့် YBSယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အခြားတစ်ဦးမှာ သတိလစ်သွားကြောင်း သိရှိရပါတယ်။

“ကားပေါ်မှာ ပြောတာကြားတာတော့ လူမိုက်ခေါင်းဆောင်က ပလေကပ်ပုဆိုးနဲ့ ဗိုက်ရွှဲရွှဲ လက်မှာလဲ တက်တူးနဲ့ ခေတ်ကမကောင်း လူမိုက်အန္တရာယ်လဲ ကြောက်ရ တစ်နေ့တစ်နေ့ ကားစီးရတာ ဘုရားစာရွတ်စီးရတယ် ဖြစ်နိုင်ရင် အလုပ်ကလွဲလို့ အပြင်မသွားကြတာ အကောင်းဆုံးပါ အလုပ်သွားတဲ့သူတွေလဲ ကားပေါ်မှာ ဖြစ်နိုင်ရင်ဖုန်းတွေမကြည့်ကြပါနဲ့”ဆိုပြီး သူမကြုံတွေ့ခဲ့ရပုံကို ပြန်လည်မျှဝေထားတာပါ။

Be the first to comment

Leave a comment

Your email address will not be published.


*