သောင်းကျန်းနေတဲ့ ကြမ်းပိုးတွေကို ငွေကုန်သက်သာနဲ့ အမျိုးပြုတ်အောင်လုပ်နည်း

သောင်းကျန်းနေတဲ့ ကြမ်းပိုးတွေကို ငွေကုန်သက်သာနဲ့ အမျိုးပြုတ်အောင်လုပ်နည်း

မိဘများက မိမိတို့ရဲ့ရင်သွေးကလေးများကို ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ် လူဖြစ်လာကတည်းက ဝါးဖတ်တော် ကစီဓာတ်နဲ့ လူဖြစ်အောင် ကျွေးမွေးလာခဲ့ကြတဲ့အပြင် ခြင်၊ကြမ်းပိုး မထိုးရအောင် ဂရုစိုက်ခဲ့ကြပါတယ်။ညကျရင် ကလေးအိပ်ရာထဲမှာ ကြမ်းပိုးရှာပေးရတာနဲ့ မအိပ်ရတဲ့ မိဘတွေရှိကြပါတယ်။မေတ္တာပို့တဲ့အထဲမှာ ကြွက်၊ခြင်၊ယင်၊ကြမ်းပိုး ဤလေးမျိုးမပါဘူးလို့ ဆိုကြသူတွေလဲ ရှိကြပါတယ်။

လူများများနေကြရတဲ့ ဆေးရုံ၊အချုပ်ခန်း၊စာသင်ကျောင်း၊ဘော်ဒါ၊စာသင်တိုက်၊မီးရထား၊ထောင်စတာတွေမှာ ကြမ်းပိုးရန်ကြောင့် စိတ်ညစ်နေရပါတယ်။အဲဒီလောက်တောင် ဒုက္ခပေးနေတဲ့ကြမ်းပိုးကို အမျိုးမျိုးသော နည်းအမျိုးမျိုးသော ဆေးဝါးတွေနဲ့ အကြိမ်ကြိမ် နှိမ်နင်းခဲ့ကြပါတယ်။ခေါင်းမူးတာပဲ အဖတ်တင်ပါတယ် ကြမ်းပိုးသတ်ဆေးရောင်းသူတွေက တိုက်ဆောက်ပြီး ကြမ်းပိုးတွေကသာ ပိုဝလာကြပါတယ် ခုတော့နည်းကောင်းရပါပြီ။

တစ်နေ့မှာတော့ ပုဂံကုန်းရွာက လူငယ်ကိုရွှေမောင် ရောက်လာပါတယ် ကျွန်တော့်ဧည့်ခန်းမှာ ဖင်တကြွကြွ ဆရာ့အိမ်က ကြမ်းပိုးကိုက်တယ်ဗျာတဲ့ အေးကွာ ငါစိတ်ညစ်နေတာ နှစ်ပေါင်း၃၀ရှိပြီ ဘယ်လိုမှ နိမ်နင်းလို့ မရဘူးဆိုတော့ ကိုရွှေမောင်က လွယ်လွယ်လေး လုပ်ပြသွားပါတယ်။ဖူဂျီခရင်ဆပ်ပြာကို နဲနဲကော်ပြီး ရေနဲ့ဖျော်ပါတယ် ပြီးတော့ ဆေးထိုးပိုက် တစ်ချောင်းရှာပြီး ကြမ်းကြားတွေထဲ ထိုးပန်းလိုက်ရာ ကြမ်းပိုးတွေ ကြမ်းပေါ်တက်လာပြီး ဖင်ကြီးတွေထောင်နေလိုက်ကြတာ တစ်စက္ကန့်လောက်အတွင်းမှာ အတုံးအရုန်းပဲ။

တကယ်လို့ ပိုက်ရှာမရရင် ဖလားထဲ အဝတ်နှစ်ပြီး အဝတ်ကို ကြမ်းကြားထဲ ညှစ်ချရင်လဲရပါတယ်။တစ်အိမ်လုံး တစ်ကျောင်းလုံး ဖျန်းမယ်ဆိုရင်တော့ ဆေးဖျန်းပုံးနဲ့ ကြမ်းကြားပေါ်ရော ကြမ်းအောက်က ဆင့်ကြားတွေပါ ဖျန်းပက်ပါ။လွယ်လွယ်ကူကူ ငွေကုန်သက်သာစွာနဲ့ကြမ်းပိုးမျိုးပြုတ်သွားမှာပါ။ကဲကြမ်းပိုးကိုက်လို့ စိတ်ညစ်နေကြသူများ ခုလက်တွေ့စမ်းကြည့်လိုက်ပါ အဆင်ပြေရင် ပြေကြောင်းလေး တစ်ခြားသူများကိုလဲ ဝေမျှပေးလိုက်ကြပါအုံးနော်။

Be the first to comment

Leave a comment

Your email address will not be published.


*