မိခင်ကောင်းပီသသလို ဝန်ထမ်းတွေအပေါ်မှာလည်း မိသားစုဝင်ကောင်းပီသတဲ့ အမကြီးအမိရာ ခိုင်နှင်းဝေ

မိခင်ကောင်းပီသသလို ဝန်ထမ်းတွေအပေါ်မှာလည်း မိသားစုဝင်ကောင်းပီသတဲ့ အမကြီးအမိရာ ခိုင်နှင်းဝေ

ပရိသတ်ကြီးတို့ရေ ပရဟိတအလုပ်ဆိုတာ ကိုယ်ကျိုးစွန့်ပြီး အများအကျိုးကို ဆောင်ရွက်ရတဲ့အလုပ်မို့ တော်ရုံလူတွေ မလုပ်နိုင်ပါဘူးနော်။ပရဟိတလုပ်ငန်းတွေကို နှစ်ရှည်လများ လုပ်ကိုင်ခဲ့တဲ့ သရုပ်ဆောင် ခိုင်နှင်းဝေရဲ့ စေတနာကတော့ တကယ့်ကို အံ့မခန်းပါပဲ။

ခိုင်နှင်းဝေက ရင်သွေးလေးများ ဂေဟာကိုလည်း တည်ထောင်ထားပြီး လူမမယ် ကလေးများကို နွေးထွေးတဲ့ မေတ္တာများဖြင့် ထိန်းသိမ်းစောင့်ရှောက် ပေးနေတာလည်း ဖြစ်ပါတယ်။လိုအပ်နေတဲ့ နေရာတွေဆီကို ဘယ်လောက်ဝေးဝေး အရောက်သွားတတ်ပြီး အကူအညီ လိုအပ်သူတိုင်းကို ဖေးမကူညီရင်း အားပေးနှစ်သိမ့်တတ်သူ တစ်ယောက်ပါ။

ခုလိုကာလမှာဆိုရင်လည်း နေရာတိုင်းမှာ အကူအညီ လိုအပ်နေသူတွေ အများအပြားရှိနေပြီး ခိုင်နှင်းဝေကလည်း လက်လှမ်းမှီသလောက် လိုက်လံကူညီပေးနေတာပဲဖြစ်ပါတယ်။ယခုအခါမှာလည်း မေတ္တာရှင်မလေး ခိုင်နှင်းဝေက သူမရဲ့လူမှုကွန်ယက်မှာ အခုလိုပဲ ရေးသားလာခဲ့ပါတယ်။

“ကျမရဲ့ ဝန်ထမ်းကောင်းများက ကျမအတွက် မိသားစုဝင်တွေလိုပါပဲရှင်..ရွာပြန် မီးဖွားဘို့ စိတ်မချတဲ့အတွက် အထူးကု ဆေးရုံကြီးမှာပဲ ခွဲစိတ်မွေးဖွားပေးခဲ့ပါတယ်..သမီးချောလေး မွေးဖွားတဲ့ ကျမ ညီမလေးအတွက် ပီတိလေးလဲ ဖြစ်မိပါတယ်ရှင်…❤️”ဆိုပြီးတော့ ရေးသားမျှဝေလာခဲ့တာပါ။

Be the first to comment

Leave a comment

Your email address will not be published.


*