ခင်ပွန်းသည်မရှိတော့လို့ စိတ်အားငယ်နေတဲ့ နန်းမြတ်ဖြိုးသင်းကို အားပေးစကားပြောခဲ့တဲ့ နန်းသူဇာ

ခင်ပွန်းသည်မရှိတော့လို့ စိတ်အားငယ်နေတဲ့ နန်းမြတ်ဖြိုးသင်းကို အားပေးစကားပြောခဲ့တဲ့ နန်းသူဇာ

ပရိသတ်ကြီးတို့ရေ သရုပ်ဆောင် နန်းသူဇာနဲ့ နန်းမြတ်ဖြိုးသင်းတို့ သူငယ်ချင်းနှစ်ယောက်ကတော့ ညီအစ်မတွေလား ထင်ရလောက်အောင် ခင်မင်ရင်းနှီးသူဖြစ်ပါတယ်။နန်းမြတ်ဖြိုးသင်းနဲ့ နန်းသူဇာတို့ နှစ်ယောက်ကအနုပညာအလုပ်တွေလည်း အတူတူတွဲဖက်လုပ်ကိုင်ခဲ့ကြသလို သီချင်းတွေလည်း အတူတူသီဆိုခဲ့ကြပြီး ခင်မင်မှုအတိုင်းအတာဟာလည်း ဆယ်နှစ်နီးပါးတိုင်ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။

မကြာခင်မှာ နန်းသူဇာက သူမရဲ့ချစ်သူ အဆိုတော် ကျော်ထွဋ်ဆွေနဲ့ လက်ထပ်တော့မှာမို့ နန်းမြတ်ဖြိုးသင်းဟာ သူငယ်ချင်း အိမ်ထောင်မကျခင်အစစအရာရာ စီစဉ်ကူညီပေးနေတာပဲ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ နန်းသူဇာအတွက် နန်းမြတ်ဖြိုးသင်းဟာ သူငယ်ချင်းတွေနဲ့ပေါင်းပြီး Bridal Shower ပွဲလေးကို စီစဉ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

နန်းမြတ်ဖြိုးသင်းရဲ့ Surprise အတွက် နန်းသူဇာက ဝမ်းသာခဲ့ပြီး”ဟိဟိ😁😁😁အရမ်းပျော်တဲ့ ညနေခင်းလေး🥰🥰World of married လာပြီနော် သွန်သင်ဆုံးမပေးပါဦး🤣🤣”ဆိုပြီး ရေးသားခဲ့ရာ နန်းမြတ်ဖြိုးသင်းက သူမအနေနဲ့ အိမ်ထောင်တစ်ခုကို ဆုံးခန်းတိုင်အောင် မတည်ဆောက်နိုင်တာကြောင့်”I failed 😣” ဆိုပြီးပြောခဲ့တာကြောင့်

နန်းသူဇာက သူငယ်ချင်းကို “Nooo😞You are my role model Ntz အတွက်တော့ နန်းမြတ်ဟာ စံပြပဲ Love you 😘”ဆိုပြီးတော့ ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။နန်းမြတ်ဖြိုးသင်းကတော့ သူငယ်ချင်းအိမ်ထောင်ကျတော့မယ့်အချိန်မှာ သူမအနေနဲ့ ခင်ပွန်းသည်မရှိလို့ စိတ်အားငယ်နေတာဖြစ်ပြီး နန်းသူဇာကတော့ နန်းမြတ်တစ်ယောက် စိတ်အားငယ်တာမျိုး မဖြစ်အောင် သူမအတွက်တော့ စံပြအိမ်ထောင်ရှင်တစ်ယောက် ဖြစ်တယ်လို့ ချစ်စရာကောင်းစွာ အားပေးပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*