နိုင်ငံကျော် စာရေးဆရာ အကြည်တော် ကွယ်လွန်

နိုင်ငံကျော် စာရေးဆရာ အကြည်တော် ကွယ်လွန်

ပရိသတ်ကြီးရေ ပင်လုံဆေးရုံပေါ်မှာ အရေးပေါ်ကုသမှုခံယူနေခဲ့ရတဲ့ နိုင်ငံကျော် စာရေးဆရာ အကြည်တော်ဟာ ဒီကနေ့ နိုဝင်ဘာလ(၉)ရက်နေ့ ည(၈)နာရီခွဲအချိန်မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။စာရေးဆရာ အကြည်တော်ဟာ အစာရေမြိုကင်ဆာရောဂါ ခံစားနေရကာ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တွင် ဆေးဝါးကုသနေရာမှ ပြီးခဲ့တဲ့ အောက်တိုဘာ လလယ်ပိုင်းက မြန်မာနိုင်ငံကို

ပြန်လည်ရောက်ရှိလာခဲ့ကာ သတိလစ်မေ့မြောသွားသဖြင့် ပင်လုံဆေးရုံတွင် ဆေးဝါးကုသနေရာမှ ယနေ့ည‌(၈)နာရီခွဲတွင်၌ ကွယ်လွန်သွားခြင်းဖြစ်တယ်လို့သိရပါတယ်။စာရေးဆရာ အကြည်တော် ကွယ်လွန်ကြောင်းကို ၎င်း၏ တူမဖြစ်သူက လူမှုကွန်ရက်မှတဆင့် အသိပေးထားပါတယ်။”ဦးကို ညင်ညင်သာသာ ထွက်ခွာသွားပါပြီ” ဆိုပြီး တူမဖြစ်သူက လူမှုကွန်ရက်တွင် ရေးသားထားပါတယ်။

စာရေးဆရာ အကြည်တော်သည် ဟာသဝတ္ထု အများအ ပြားဖြင့် ပရိသတ်များ၏ အားပေးခြင်းကို အခိုင်အမာရရှိထားသည့် စာရေးဆရာ တစ်ဦးဖြစ်သည်။စာရေးဆရာ အကြည်တော်ဟာ ဟာသစာပေတစ်ခေတ်မှာ အလွန်အောင်မြင်တဲ့ စာရေးဆရာတစ်ဦးဖြစ်ပြီး သူရေးသားခဲ့တဲ့ ဝတ္ထုတွေထဲ ဇော်ကကနေသည်၊ ဘီလူး၊ ရွှေမိုးသည်း၊ ကျောက်သင်ပုန်းတွေမိုးထားတဲ့အိမ်၊ ကျွန်တော့်ချစ်သူပြောသော သူ့ချစ်သူအကြောင်း၊

နတ်နေကိုင်း၊ ချစ်လို့စတာ နာတယ်၊ ကဝေပျိုရဲ့နိဒါန်း စတဲ့လက်ရာတွေက ထင်ရှားကျော်ကြားပြီး အဲဒီထဲကတချို့ကိုတော့ ရုပ်ရှင် ဗီဒီယိုတွေအဖြစ် ပြန်လည်ရိုက်ကူးရာမှာလည်း အလွန်အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေပဲ ဖြစ်ခဲ့ပါတယ်။မကြာသေးမီကလည်း သူကိုယ်တိုင် ရွတ်ဆိုထားတဲ့ ကဗျာနဲ့ဂီတ ပေါင်းစပ်ထားတဲ့ ကဗျာဂီတအယ်လ်ဘမ်ကို ထုတ်ဝေထားပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*