ဇနီးသည် မီးဖွားပြီးရင် အနုပညာအလုပ်တွေ ပြန်လုပ်တော့မယ်ဆိုတဲ့ သရုပ်ဆောင် နေတိုး

ဇနီးသည် မီးဖွားပြီးရင် အနုပညာအလုပ်တွေ ပြန်လုပ်တော့မယ်ဆိုတဲ့ သရုပ်ဆောင် နေတိုး

ပရိသတ်ကြီးတို့ရေ အကယ်ဒမိီ သရုပ်ဆောင် မင်းသားချော နေတိုးကတော့ မကြာသေးမီကမှ ချစ်သူနဲ့အတူ တရားဝင် လက်ထပ်ထိန်းမြား ရွှေလက်တွဲခဲ့တာဖြစ်ပြီး သူ့ရဲ့ပရိသတ်တွေကို surprise တိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ နေတိုးရဲ့ ချစ်ဇနီးက ကိုယ်ဝန်လွယ်ထားရပြီး နောင်လ ဒီဇင်ဘာလထဲမှာ မွေးဖွားတော့မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။မနေ့ကတော့ အလိုတော်ပြည့် ကျောင်းတိုက်မှ ‘ဆရာတော် အသျှင်ကုမာရ’က “နေတိုးက ဦးဇင်းတို့ ဆရာတော်ကြီးရဲ့ သားတပည့်ပါ။

သူက ကုသိုလ်ကောင်းမှုတွေ အဆက်မပြတ် လှူဒါန်းနေသူပါ။သူ့အမျိုးသမီးကလည်း သားယောင်္ကျားလေးကို ဒီဇင်ဘာလမှာ မွေးတော့မယ်လို ကြားတော့ သာသနာ့ဒါယကာ ရဟန်းဒါယကာ ဖြစ်တော့မှာပေါ့။ခုနောက်ပိုင်း ကလေးမွေးပြီးသွားရင်တော့ အနုပညာအလုပ်တွေကို ဆက်ပြီးတော့ လုပ်သွားမယ်လို ဦးဇင်းကိုပြောပါတယ်။

သားလေးဆိုတော့ အမေရော အဖေရော အရမ်းပျော်နေမှာပါ။ဝမ်းသာနေမှာပါ”ဆိုပြီးမိန့်ဆိုခဲ့ပါတယ်။နေတိုးကို အားပေးကြတဲ့ ပရိသတ်ကြီးတို့အတွက် သတင်းကောင်းလေး တင်ဆက်ပေးလိုက်ရပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*