ဒုက္ခိတဘဝရောက်နေတဲ့ သူ့ကိုမေ့မထားဖို့ တောင်းဆိုလိုက်တဲ့ ဝါရင့်သရုပ်ဆောင်ကြီး ကျောက်ရိုင်းဦးအောင်မြတ်

ဒုက္ခိတဘဝရောက်နေတဲ့ သူ့ကိုမေ့မထားဖို့ တောင်းဆိုလိုက်တဲ့ ဝါရင့်သရုပ်ဆောင်ကြီး ကျောက်ရိုင်းဦးအောင်မြတ်

ပရိသတ်ကြီးတို့ရေ ဗီဒီယိုဇာတ်ကားတွေ ခေတ်စားခဲ့တဲ့အချိန်ကတည်းက တီဗီဖန်သားပြင်ပေါ်မှာ အမြဲတမ်းမြင်တွေ့နေကျဖြစ်တဲ့ သရုပ်ဆောင်တွေကိုတော့ မှတ်မိကြလိမ့်အုန်းမယ်လို့ထင်ပါတယ်။ဒီအထဲကမှ အနုအကြမ်း၊ဗီလိန်အစရှိတဲ့ ကာရိုက်တာပေါင်းစုံကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်ခဲ့တဲ့ ဝါရင့်သရုပ်ဆောင်ကြီး ကျောက်ရိုင်း ဦးအောင်မြတ်ကိုတော့ ပရိသတ်အားလုံးပဲသိကြအုန်းမှာပါပဲနော်။

လက်ရှိမှာတော့ အသက်အရွယ်ကြီးနေပြီဖြစ်တာကြောင့် အနုပညာလှုပ်ရှားမူတွေနဲ့ အလှမ်းဝေးကွာနေတဲ့အပြင် ဒုက္ခိတဘဝကို ရောက်ရှိနေလို့ အရမ်းကို အားငယ်နေတာပဲ ဖြစ်ပါတယ်။ကျောက်ရိုင်း ဦးအောင်မြတ်ရဲ့ အနုပညာလှုပ်ရှားမူ့သက်တမ်းကတော့ နှစ်ပေါင်း(၅ဝ)ကျော်ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး ကာရိုက်တာအစုံကိုလဲ အကောင်းမွန်ဆုံး သရုပ်ဆောင်နိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

ဘိုးတော်၊အင်္ဂလိပ်မင်းကြီး၊သိုက်ဆရာ၊ဂိုဏ်းစတား အစရှိတဲ့ ဇာတ်ရုပ်တွေကိုလဲ ပရိသတ်တွေအတွက် ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့ပါတယ်။ကျောက်ရိုင်း ဦးအောင်မြတ်ဟာ လေဖြတ်ဝေဒနာခံစားနေရတာ (၆)နှစ်နီးပါးရှိခဲ့ပြီး ဘယ်ဘက်တစ်ခြမ်းလုံးကို လေထိသွားတာကြောင့် စကားပြောရတာနဲ့သွားလာလှုပ်ရှားရတာတွေမှာ ခက်ခဲပြီးဒုက္ခိတတစ်ယောက်လို ဖြစ်နေပါတယ်။

ဒါကြောင့်အိမ်မှာ လူပိုတစ်ယောက်လို ခံစားနေရပါတယ်လို့လဲ သူရဲ့ ခံစားချက်ကို ပြောပြထားပါသေးတယ်။ဇာတ်ကားတွေထဲမှာ ကာရိုက်တာကြမ်းကြမ်းတွေကို သရုပ်ဆောင်ခဲ့ရပေမယ့်လည်းပရိသတ်တွေက အပြင်မှာတွေ့ရင် ချစ်ခင်ကြပါတယ်တဲ့။ဒါပေမယ့် ဇာတ်ကားတွေ မရိုက်ရတော့ဘဲ ဒုက္ခိတဘဝရောက်နေရလို့ စိတ်မကောင်းဘူး။ပရိသတ်တွေကို သတိရပြီး ဒုက္ခိတဘဝရောက်နေတဲ့ သူ့ကို မေ့မထားကြပါနဲ့လို့ ရင်ဖွင့်ထားပါသေးတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*