ဓီရာမိုရ်ပြောပြတဲ့ စာရေးဆရာ အကြည်တော်ရဲ့ ဘဝဇာတ်ခုံ

ဓီရာမိုရ်ပြောပြတဲ့ စာရေးဆရာ အကြည်တော်ရဲ့ ဘဝဇာတ်ခုံ

“အမေက ကိုကြည်ကလေးဘဝထဲက”ဧည့်သည်”လို့ ပြောခဲ့တယ်။လူ့ဘဝကို ခနလေးပဲလာတာတဲ့ အမေ့ရဲဧည့်သည်က လိပ်ပြာလိုပဲ ငယ်ငယ်က ပေတေလိုက်တာ ဆိုးလိုက်တာ လောကအတွက် လူပိုတစ်ယောက်လိုပဲ။

ကြီးလာတော့လည်း လှလိုက်တာ ရက်ရက်စက်စက်ပဲ လူတိုင်းအပေါ် အယူမရှိ အပေးပဲရှိတယ် ပျော်စေတယ် တာဝန်ကျေတယ် လုံးဝ ဒုက္ခမပေးခဲ့ဘူး စိတ်ကူးစိတ်သန်းတွေက ငေးမောရတယ် တစ်ကမ္ဘာမှာ တစ်ခါပေါ်တဲ့လူမျိုး။

အမေက တော်တော်တရားမြဲပါတယ် စိတ်အရမ်းခိုင်တယ် မငိုတတ်ဘူး ဒါပေမယ့် အမေ့ရဲ့”ဧည့်သည်”လို့ပြောခဲ့တဲ့ ဖြူစင်လွန်းတဲ့ ကိုကြည် တကယ်ထွက်သွားတဲ့အခါ အမေလေ ငိုလိုက်တာ

ကျွန်တော့ဘဝမှာ တခါမှမကြားဖူးတဲ့ လှိုက်လှဲကြေကွဲဝမ်းနည်းတဲ့ အမေ့ငိုသံကို ကြားလိုက်ရတယ်”ဆိုပြီးရေးသားလာခဲ့တာပါ။(စာရေးဆရာအကြည်တော်နဲ့ ပတ်သတ်ပြီး ကိုဓိရာမိုရ် ရေးသားထားသည်ကို ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်)။

ဆရာအကြည်တော်ရဲ့ နာရေးအခမ်းအနားကို မနက်ဖြန် (11.11.22) ရေဝေးသုဿန် အခန်း ၁(က)တွင် အချိန်(၃)နာရီမှ (၄)နာရီထိပြုလုပ်ပြီး ဂူသွင်းသဂြိုလ်ပါမယ်လို့ သိရပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*