ကျောင်းခန်းထဲမှာ ဆရာမဆူခါနီး လျှပ်တပြတ် ဉာဏ်ကောင်းကောင်းနဲ့ ဖြေရှင်းနိုင်ခဲ့တဲ့ ဂျမ်းတောလေး

ကျောင်းခန်းထဲမှာ ဆရာမဆူခါနီး လျှပ်တပြတ် ဉာဏ်ကောင်းကောင်းနဲ့ ဖြေရှင်းနိုင်ခဲ့တဲ့ ဂျမ်းတောလေး

ဂျမ်းတောလေးကို ချစ်ခင်အားပေးကြတဲ့ ပရိတ်သက်ကြီးရေ ဒီတခါတော့ ဂျမ်းတောလေးရဲ့ လျှပ်တစ်ပြတ် ဉာဏ်ကောင်းပုံလေးကို ပြေပြပေးချင်ပါတယ်နော်။ဂျမ်းတောလေးဟာ ယခုဆိုရင်တော့ ဒုတိယတန်းမှာ အတန်းပညာကို မချူးလေးရဲ့ ဦးဆောင်မှုဖြင့် ပညာသင်ယူနေပြီပဲ ဖြစ်ပါတယ်။

အမှန်တကယ်ဆိုရင်ဖြင့် စတုထ္ထတန်းလောက်ထိ ရောက်ရှိနေတဲ့ အသက်အရွယ်ဖြစ်ပေမဲ့ ဒုတိယတန်းမှာ တက်ရောက်နေတဲ့ ဂျမ်းတောလေးဟာ အင်္ဂလိပ်စာကို သင်ကြားရမှာတော့ အတော်လေး အခက်အခဲရှိတယ်လို့ ဂျမ်းတောလေး ကိုယ်တိုင်ဝန်ခံထားပါတယ်။

စာသင်ခန်းထဲမှာ ဂျမ်းတောလေးရဲ့သူငယ်ချင်းက ကလေးသဘာဝ ဂျမ်းတောလေး ပေတံမေ့ကျန်ရစ်ခဲ့တာကို အခွင့်ကောင်းယူပြီး “ဂျမ်းတောမှာ ပေတံမပါဘူး ဆရာမ”လို့ဆိုပြီး ကလေးငယ်တစ်ဦးကတိုင်ကာဘေးကနေ မခို့တခို့ကြည့်နေတာပေါ့။

အဲဒီအချိန်မှာ ဂျမ်းတောလေးက ဘာပြောရမှန်းမသိပဲ သူမကိုတိုင်လိုက်တဲ့ သူငယ်ချင်းလေးကို ကြည့်နေတုန်း ဆရာမ‌ရောက်ချလာတော့ သူငယ်ချင်းမှာ အပြစ်မရှိ၊မပြစ်ရှာမရတဲ့နောက်ဆုံး လျှပ်တပြတ် “ဆရာမ သူလည်း လက်ရေးမလှဘူး ဆရာမ ‘း’လည်းကျန်ခဲ့တယ်” ဆိုပြီးဉာဏ်ကောင်းစွာနဲ့ ပြန်လည်တိုင်းတန်းခဲ့လို့

ဂျမ်းတောလေး အရိုက်ခံရတော့မဲ့အရေးမှ လွတ်သွားတယ်လို့ ကလေးသာဘာဝ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်လည်ပြောပြထားတာပဲ ဖြစ်ပါတယ်နော်။ဂျမ်းတောလေးစကားပြောတာ ရီမောနေတာက လူတွေကို ပြုံးပျော်စေတယ် ကလေးက ဉာဏ်ရွှင်တယ် သူပြောတာ အကုန်နားမလည်ပေမဲ့လည်း ကြည့်မိနားထောင်မိတဲ့သူတိုင်း ပြုံးနေမိတာတော့ အမှန်ပါပဲ။ဂျမ်းတောလေးကို အားပေးစကားလေး ပြောပေးခဲ့ကြပါအုံးနော်….

Be the first to comment

Leave a comment

Your email address will not be published.


*