ဘဝကိုခက်ခဲစွာ ရုန်းကန်နေရတဲ့ လူကြမ်းသရုပ်ဆောင် ဦးအာနိုးကို သွားရောက်ကူညီ လှူဒါန်းပေးခဲ့တဲ့ ခင်ဝင့်ဝါ

ဘဝကိုခက်ခဲစွာ ရုန်းကန်နေရတဲ့ လူကြမ်းသရုပ်ဆောင် ဦးအာနိုးကို သွားရောက်ကူညီ လှူဒါန်းပေးခဲ့တဲ့ ခင်ဝင့်ဝါ

ပရိသတ်ကြီးရေ မော်ဒယ်လ် သရုပ်ဆောင် မင်းသမီးချောလေး ခင်ဝင့်ဝါကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ခင်ဝင့်ဝါဟာ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီဖြစ်တဲ့အပြင် တကယ့်ကို မွန်မြတ်ပြီး လူအများတွက် အကျိုးရှိစေတဲ့ ပရဟိတလုပ်ငန်းတွေကို ကုသိုလ်ပြု လုပ်ကိုင်နေတာကိုလည်း တွေ့မြင်ရပါတယ်။

အလှူရှင်များက ထည့်ဝင်လှူဒါန်းပေးတာတွေအပြင် သူမရဲ့ချွေးနည်းစာ အနုပညာကြေးတွေကို ရပ်နီးရပ်ဝေးက အမှန်တကယ် လိုအပ်နေတဲ့သူတွေအတွက် တတ်နိုင်တဲ့ဘက်က စားသောက်စရာများ၊အလှူငွေများကို တတ်စွမ်းသလောက် ကိုယ်တိုင်ကိုယ်ကျ ကူညီထောက်ပံ့ ကုသိုလ်ပြုပေးနေတာပဲ ဖြစ်ပါတယ်။သူမပြုလုပ်ခဲ့တဲ့ ကုသိုလ်အလှူလေးတွေကလည်း မြင်ရသူတိုင်း ကြည်နူးပီတိ ဖြစ်စေခဲ့ပြန်ပါတယ်။

ယခုအမှာလည်း မင်းသမီးချောလေး ခင်ဝင့်ဝါက နောက်ထပ် လေးစားကြည်နူးရတဲ့ လှူဒါန်းမှုတစ်ခုကို ပြုလုပ်ခဲ့ပြန်ပါပြီ။ဒါကတော့ မိသားစုက စွန့်ခွါသွားပြီး ဘဝကို တစ်ယောက်တည်း ခက်ခက်ခဲခဲ ဖြတ်သန်းနေရတဲ့ တစ်ချိန်က ဇာတ်ပို့ဇာတ်ရံ လူကြမ်းသရုပ်ဆောင်ကြီး ဦးအာနိုးကို တတ်နိုင်သလောက် ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

“ဘဘ ဦးအာနိုးအတွက် တက်နိုင်သလောက်လေး ကုသိုလ်ယူခဲ့တယ်🙏🏻ပါဝင်ကုသိုလ်ယူပေးကြသော ကိုအောင်ထွန်းထွန်း(USA) ၄သိန်းကျပ်၊ကိုကောင်းသက်စံ+မခိုင်စုလှ မိသားစု ၁သိန်းကျပ်၊ဘဘဆီ လိုက်ပို့ပေးသော မမချောစု အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်🙏🏻”ဆိုပြီးရေးသားမျှဝေထားတာပါ။ခေးကိုချစ်ခင်ကြတဲ့ ပရိသတ်ကြီးတို့လည်း ကုသိုလ်ပွားနိုင်စေဖို့ ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*