မလုပ်ကျွေးချင်လို့ ဘိုးဘွားရိပ်သာ ပို့တာမဟုတ်ဘဲ အဖေက မိတ်ဆွေတွေနဲ့နေချင်လို့ သွားတာပါလို့ ရှင်းပြလာတဲ့ ဦးဝင်နိုင်ရဲ့သမီး

မလုပ်ကျွေးချင်လို့ ဘိုးဘွားရိပ်သာ ပို့တာမဟုတ်ဘဲ အဖေက မိတ်ဆွေတွေနဲ့နေချင်လို့ သွားတာပါလို့ ရှင်းပြလာတဲ့ ဦးဝင်နိုင်ရဲ့သမီး

ပရိသတ်ကြီးတို့ရေ ဝင်းနိုင်(နဂါးလေး)လို့ ပရိသတ်ကသိကြတဲ့ ဦးဝင်းနိုင်(အနုပညာ) တစ်ယောက်ဟာဆိုရင် ဇာတ်ကားပေါင်းများစွာ သရုပ်ဆောင်ခဲ့သူဖြစ်ပြီး ပရိသတ်ရဲ့အားပေးမှုကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။

ဦးဝင်းနိုင်ဟာ ငယ်ဘဝအချိန်တော်တော်များများကို ဝါသနာပါတဲ့ အနုပညာနဲ့ အချိန်ကုန်ဆုံးခဲ့တာဖြစ်ပြီး အသက်အရွယ်ကြီးလာပြီးဇရာရဲ့ ထိုးနှက်ချက်တွေကြောင့် ကျန်းမာရေးမကောင်းတော့တာကြောင့် အနုပညာကို ဆက်လက်မလုပ်နိုင်ပဲ ရှိနေခဲ့ပါတယ်။ဒါပေမယ့်လည်း ယနေ့အချိန်အထိ ပရိသတ်တွေကတော့ သတိတရရှိနေဆဲဖြစ်ပါတယ်။

ဒါကြောင့် ဦးဝင်းနိုင်တစ်ယောက် ဘိုးဘွားရိပ်သာကို သွားနေခဲ့တာနဲ့ ပတ်သတ်ပြီး ပရိသတ်ရဲ့ကြားမှာ ဝေဖန်မှုတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။အထူးသဖြင့် မိသားစုက မကြည့်ဘူးလား၊ သားသမီးတွေ ဘယ်ရောက်သွားလဲစတဲ့ ထိုးနှက်ချက်တွေနဲ့ ဦးဝင်းနိုင်ရဲ့ မိသားစုကို ဝေဖန်မှုတွေ ရှိလာတာဖြစ်ပါတယ်။

ဒါကြောင့် ဦးဝင်းနိုင်ရဲ့သမီးဖြစ်သူက အခုလိုမျိုး ကိုယ်တိုင်ရှင်းပြလာခဲ့တာပဲဖြစ်ပါတယ်။”ဖေဖေ့ကို အိုးပိုင်အိမ်ပိုင်မရှိလို့ ပစ်ပယ်ထားတာလားဆိုတဲ့အပေါ် ဖေ့ဖေ့မှာ အိုးပိုင် အိမ်ပိုင်လဲ ရှိပါတယ်။ ဘိုးဘွားရိပ်သာမှာ အဖော်တွေနဲ့နေချင်လို့ စကားပြောဖော်လိုချင်လို့ တရားဘာဝနာကို သေချာလေးအားထုတ်ချင်လို့ အဖေကိုယ်တိုင်က လိုလိုလားလား သွားချင်လို့ ဖေဖေ့ဆန္ဒကို ဖြည့်ဆည်းပေးပြီး ဖေဖေ စိတ်ချမ်းသာပြီး ပျော်အောင် ဖေ့ဖေ့ဆန္ဒအတိုင်း ဘိုးဘွားရိပ်သာမှာ ထားထားတာပါ”လို့ဆိုလာပါတယ်။

“ဘိုးဘွားရိပ်သာမှာထားပြီး ပရိတ်သတ်တွေ ထင်သလို ပြစ်ထားတာ မဟုတ်ပါဘူး အလုပ်နားရက်တိုင်း ဖေ့ဖေ့နားကို သွားပါတယ်။ ဖေဖေ လိုအပ်တာမှန်သမျှကို ဖြည့်ဆည်းပေးပါတယ်။ ပရိတ်သတ်တွေ ထင်သလို ဖေ့ဖေ့ကိုပြစ်ထားတာ လုံးဝမဟုတ်ဘူး”လို့ဆိုလာခဲ့ပါတယ်နော်။

“ဖေ့ဖေ့ကို ဘိုးဘွားရိပ်သာမှာ ထားချင်လို့ ထားတာမဟုတ်ပဲ ဖေဖေကိုယ်တိုင်က သူကိုယ်တိုင် မိတ်ဆွေတွေနဲ့ ပျော်လို့နေတာဖြစ်တာကြောင့် ဂရုဏာဒေါသောနဲ့ဖြစ်စေ၊ မစ္ဆရိယစိတ်ကြောင့်ဖြစ်စေ ဝေဖန်မစောကြပါနဲ့” လို့တိုက်တွန်းချင်ပါတယ်။

ဦးဝင်းနိုင်ကိုယ်တိုင်က အနုပညာဆည်းဆာရိပ် ဘိုးဘွားရိပ်သာကို သွားချင်လို့သွားခဲ့တာဖြစ်ကြောင်းနဲ့ အိမ်မှာက အထီးကျန်သလို ခံစားရတာကြောင့်ဖြစ်တယ် ဆိုတဲ့အကြောင်းကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*