မတည့်တဲ့အစားအစာကို စားပြီး တခုခုဖြစ်မှာ စိုးရိမ်သူများတွက် ဘေးကင်းအောင် စားသောက်နည်း…

မတည့်တဲ့အစားအစာကို စားပြီး တခုခုဖြစ်မှာ စိုးရိမ်သူများတွက် ဘေးကင်းအောင် စားသောက်နည်း…

၁။လက်ဖက်ကို အမြဲနိုင်တာ လျှက်ဆားဖြစ်ပါတယ်။ အစာမကြေ၊လေပွ၊ရင်ပြည့်ရင်ကယ် မဖြစ်အောင် လက်ဖက်သုပ်စားပြီး ၁၅မိနစ်ခန့်ကြာရင် လျှက်ဆား၊ ကိုးပါးဆေး၊မဟာဖြေဆေး စတဲ့လေနဲ့ဆိုင်တဲ့ ဗမာဆေးတစ်ခုခုကို အနည်းငယ် လျှက်ပေးလိုက်ရင် အဆင်ပြေပါပြီ။

၂။လက်ဖက်သုပ်၊ဂျင်းသုပ် စတဲ့အသုပ်စုံတို့ကိုစားတဲ့အခါ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်း ကိုက်လေ့ရှိကြတယ်။တစ်ချို့က ပါးစပ်နံမှာစိုးရိမ်ပြီး စားချင်လျှက်နဲ့ မစားဘူး ဘာမှမပူနဲ့ စားသာစား မစားခင်လေးမှာ မြေပဲစေ့ ၄၊ ၅စေ့ကိုသာ အရင်ဖယ်ထား။စားပြီးတာနဲ့ မြေပဲကိုဝါးပြီး ပါးစပ်ထဲ ၁မိနစ်ခန့်ငုံထား ကြက်သွန်ဖြူ၊ကြက်သွန်နီ စတဲ့အနံ့တွေကို မြေပဲကစုပ်ယူနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ် ချက်ချင်းအနံ့ပျောက်တယ်။

၃။ငှက်ပျောသီး အလွန်ကြိုက်သူတွေ တစ်ဖီးကုန်အောင် စားနိုင်တယ်တဲ့။စားပြီးလျှင် အချိုကြောင့်ဗိုက်နာတယ် ဘာမှမပူနဲ့..ဆားအနည်းငယ်နဲ့သာတို့ပြီးစား လုံးဝ ဗိုက်မနာတော့ဘူး။

၄။ငရုတ်သီးကြိုက်သူတွေ၊အစပ်များများစားချင်သူတွေ အတွက် ရခိုင်တို့ရဲ့အစပ်စားနိုင်ခြင်းအကြောင်းရင်းကတော့ ငရုတ်သီးကို အပူပေးပြီးမှ စားခြင်းဖြစ်ပါတယ်။ငရုတ်သီးကို အစိမ်းလိုက်ဘယ်တော့မှ မစားနဲ့။လှော်၊ကြော်၊ပြုတ်၊ဖုတ်၊အဲလိုအပူပေးပြီးမှ ကြိုက်သလောက်စား။သံပုရာသီးလေးညှစ်ထည့် ပြီးမှစား ဗိုက်မနာတော့ဘူး။

၅။အုန်းနို့ခေါက်ဆွဲ၊ မုန့်တီ၊ အသုပ်မျိုးစုံ၊ မုန်းဟင်းခါးစတဲ့ အဆီအဆိမ့်များသည့် အစားအစာတို့ကို မစားမီ ရှေးဦးစွာ သံပုရာသီးတစ်စိတ် အရင်ကိုက်စားလိုက်ပါ သို့မဟုတ် ဇွန်းထဲတွင်အရည်ညှစ်၍ သောက်ချပြီးမှ မုန့်များကို စားပါ အန္တရာယ်ကင်းသော မုန့်စားနည်း ဖြစ်ပါသည်။

၆။လက်ဖက်ကို ဘေးဥပဒ် ဖြစ်စေနိုင်သည့် အခါးဓါတ်ကိုလျော့ရန်အတွက် ပထမဦးစွာ ဆား၊သံပုရာရည်တို့ဖြင့် နာနာပွတ်နယ်၍ ရေဆေးပြီး အလွန်ပြင်းထန်သော အခါးဓါတ်လျှော့ချပြီးမှ သုပ်စားလျှင် အန္တရာယ်ကင်းပါသည် အစာမကြေခြင်း၊လေအောင့်ဖြစ်စေခြင်းတို့မှလည်း လျှော့နည်းစေပါသည်။

၇။အဆီအဆိမ့်များလွန်းသော ဒံပေါက်ထမင်း၊ထောပတ်ထမင်း၊ ကြက်ဆီထမင်းတို့ကို မစားမီအနားမှာ ချပေးထားတဲ့ ပူဒီနာ(ပူစီနံ)ရွက်များကို အရင်ဝါးစားပြီးမှ ထမင်းစားပါ။အဆိပ်အတောက် ကင်းပါသည်။

၈။အဆိပ်အတောက်များသော မျှစ်ချဉ်၊အသည်းပျက်တတ်သော မျှစ်ချဉ်ကို လုံးဝမစားဘဲနေက အန္တရာယ်ကင်းပါသည် စိတ်မခိုင်၍ စားလိုပါက မျှစ်ချဉ်ထဲသို့ သံပုရာရည် အနှံ့ညှစ်ချပြီး နာနာနယ်၍ ရေဆေးပြီး စစ်ထားပါ ပြီးမှမိမိစိတ်ကြိုက်ချက်စားပါ သို့မဟုတ် မျှစ်ချဉ်ချက်ထဲသို့ သံပုရာရည် ညှစ်ချပြီး မွှေနှောက်ကာ ဟင်းအိုးကို မီးဖိုမှချ၍ သုံးဆောင်ပါ အဆိပ်အတောက် နည်းသွားပါသည်။

၉။ရင်ကျပ်ရောဂါ မဖြစ်နိုင်အောင် မန်ကျည်းသီးစိမ်းကို အပေါ်မှ အပွေးခွံ ညိုညစ်ညစ်များကို ခြစ်ထုတ်ပြီး အစိမ်းရောင် မန်ကျည်းသီးသားများကိုသာ ထောင်း၍ ချက်စားသင့်ပါသည်။အသက်ကို ဉာဏ်စောင့်၍ ကျန်းမာရွှင်လန်းစွာနေထိုင်နိုင်ကြပါစေ။

Be the first to comment

Leave a comment

Your email address will not be published.


*