ဖခင်ဖြစ်သူရိုက်ပေးတဲ့ Snapပုံလေးတွေကို မျှဝေပေးခဲ့တဲ့ စစ်လွန်းဝတီထက်

ဖခင်ဖြစ်သူရိုက်ပေးတဲ့ Snapပုံလေးတွေကို မျှဝေပေးခဲ့တဲ့ စစ်လွန်းဝတီထက်

စစ်လွန်းဝတီထက်ဆိုတာ အကယ်ဒမီ သရုပ်ဆောင် ထက်ထက်မိုးဦးရဲ့သမီးလေး ဖြစ်ပါတယ်။အခြေနေအမျိုးမျိုးကြောင့် မိခင်နဲ့ တူတူမနေနိုင်ပေမယ့် ဖခင်ဖြစ်သူနဲ့တူတူ နေထိုင်နေတာပဲဖြစ်ပါတယ်။စစ်လွန်းလေးကတော့ ပရိသတ်တွေ ချစ်ရတဲ့ကလေးလေး တစ်ယောက်ပါ။

ငယ်စဥ်ကတည်းက ဘာသာတရားကိုင်းရှိုင်းကာ လိမ္မာရေးခြားရှိပြီး သိတက်တဲ့ သမီးငယ်လေးမို့ ပရိသတ်တွေက ချစ်ရတဲ့ကလေးလေး တစ်ယောက်ပါ။စစ်လွန်းဝတီထက်လေးက သူမရဲ့ဖခင်ဖြစ်သူ စိုင်းလွှမ်းနဲ့အတူ ကောင်းကောင်းမွန်မွန် ကြီးပြင်းလာပြီး တစ်နေ့ထက်တစ်နေ့ လှသွေးကြွယ်လာတာပဲ ဖြစ်ပါတယ်။

သွေးသားရင်းတစ်ယောက်ပီပီ စစ်လွန်းဝတီထက်လေးဟာလည်း သူမရဲ့မိခင် ထက်ထက်မိုးဦးနဲ့ အရွယ်ရောက်လာလေလေ တစ်ထေရာတည်း တူလာခဲ့ပြီး လှသွေးကြွယ်လာတာကို တွေ့ရပါတယ်။သူမရဲ့ကိုယ်ပိုင် လူမှုကွန်ရက် စာမျက်နှာလေးလည်း ဖွင့်လှစ်ထားခဲ့ပြီး မကြာခဏ ဆိုသလိုလည်း သူမရဲ့လှုပ်ရှားမှုတွေ၊အလှူအတန်းပြုလုပ်တဲ့ ပုံရိပ်တွေရယ်၊အလှပုံလေးတွေကို မျှဝေဖော်ပြပေးလေ့ ရှိပါတယ်။

ယခုအခါမှာလည်း စစ်လွန်းလေးကတော့ လူမှုကွန်ရက်ကနေ ချစ်စရာကောင်းတဲ့ ပုံလေးတွေကို မျှဝေပေးလာခဲ့ပါတယ်။”ပါပါး Snap 📸🫣”ဆိုပြိီး ပုံလေးတွေကတော့ သူ့ရဲ့ဖခင်ဖြစ်သူကိုယ်တိုင် ရိုက်ကူးပေးထားတဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ်။ပရိတ်သတ်ကြီးတွေထဲက စစ်လွန်းဝတီထက်လေးကို ချစ်ကြခင်ကြတဲ့ ပရိတ်သတ်တွေအတွက် စစ်လွန်းလေးရဲ့ ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*