ပရိသတ်ရှေ့မှောက်ကို သီချင်းအသစ်နဲ့အတူ ပြန်လည်ထွက်ပေါ်လာတော့မယ်လို့ အသိပေးခဲ့တဲ့ အဆိုတော် ပိုပို

ပရိသတ်ရှေ့မှောက်ကို သီချင်းအသစ်နဲ့အတူ ပြန်လည်ထွက်ပေါ်လာတော့မယ်လို့ အသိပေးခဲ့တဲ့ အဆိုတော် ပိုပို

ပရိသတ်ကြီးတို့ရေ သန်မာတဲ့ စိတ်ဓာတ်ပိုင်ရှင်၊ ထူးခြားတဲ့ သီချင်းသီဆိုဟန်၊ ပရိသတ်တွေရဲ့ ခံစားချက်နဲ့ထပ်တူကျခဲ့တာကြောင့် တေးချစ်သူတွေရဲ့ အသည်းကျော်ပဲလှော်လေး ဖြစ်နေသူကတော့ အဆိုတော် ပိုပို ပဲဖြစ်ပါတယ်။

အဆိုတော် ပိုပိုဟာ နိုင်ငံရေးလှုပ်ရှားမှုအချို့မှာ ပါဝင်လှုပ်ရှားခဲ့တာကြောင့် ထိန်းသိမ်းခံထားခဲ့ရပြီး သိပ်မကြာခင်ရက်ပိုင်းကမှ ပြန်လည်လွတ်မြောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ပိုပိုတစ်ယောက် လွတ်မြောက်လာခြင်းအပေါ် ပရိသတ်တွေကလည်း အတော်လေး ဝမ်းသာပျော်ရွှင်ခဲ့ရပါတယ်။

အခုအခါမှာတော့ အဆိုတော် ပိုပိုဟာ သီချင်းအသစ်နဲ့အတူ ပရိသတ်တွေရဲ့ရှေ့မှောက်ကို ပြန်လည် ထွက်ပေါ်လာတော့မှာဖြစ်တယ်လို့ ပုံလေးတခုတင်ပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

သူမရဲ့ သီချင်းအသစ်ကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေကတော့အတော်လေးကို ဝမ်းသာကြည်နူးနေကြကာ ပိုပိုတစ်ယောက် ပရိသတ်ရှေ့ကို ဘယ်လိုပေါ်ထွက်လာမလဲဆိုတာ စောင့်မျှော်နေကြပြီပဲ ဖြစ်ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*