ဝမ်းရေးအတွက် ဘိသိတ်ဆရာအဖြစ် အသက်မွေးဝမ်းကြောင်းပြုနေရတဲ့ ဇာတ်ပို့သရုပ်ဆောင် ဇော်ဝင်းနိုင်(မန်း)

ဝမ်းရေးအတွက် ဘိသိတ်ဆရာအဖြစ် အသက်မွေးဝမ်းကြောင်းပြုနေရတဲ့ ဇာတ်ပို့သရုပ်ဆောင် ဇော်ဝင်းနိုင်

ပရိသတ်ကြီးတို့ရေ ဇာတ်ပို့ဇာတ်ရံ ဝါရင့်သရုပ်ဆောင်ကြီး ဇော်ဝင်းနိုင်(မန်း)ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားများစွာမှာ အကောင်းဆုံး သရုပ်ဆောင်ချက်များနဲ့ ကျရာဇာတ်ကောင်တွေမှာ အပီပြင်ဆုံး သရုပ်ဆောင်ပြနိုင်ခဲ့တဲ့အတွက်ကြောင့် ပရိတ်သတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ အပြည့်အဝ ရရှိထားပါတယ်နော်။

အခုတစ်ခါမှာဆိုရင်တော့ ဇာတ်ပို့သရုပ်ဆောင် ဇော်ဝင်းနိုင်က အနုပညာအလုပ်တွေကို ရပ်နားထားရတဲ့အချိန်မှာ ဘိသိတ်ဆရာအဖြစ် အသက်မွေးဝမ်းကြောင်းပြုနေတဲ့ အကြောင်းကို အခုလိုပြောပြလာခဲ့ပါတယ်နော်။

ဇာတ်ပို့သရုပ်ဆောင်ဇော်ဝင်းနိုင်က “ရုပ်ရှင်က မရိုက်ရတော့ ကိုဗစ်တွေကြောင့်နားထားရတယ်၊ မိဘကလဲ အနုပညာရှင်တွေပဲပေါ့၊ သဘင်အနုပညာရှင်တွေဆိုတော့ ကျနော့ကလဲ အနုပညာရှင် ဖြစ်လာတာပေါ့၊ ကျနော်က ရုပ်ရှင်ဘက်မှာ နှစ်အများကြီးလုပ်ခဲ့တယ်၊

အခုကတော့ ဝမ်းစာအတွက် အလှူ၊မင်္ဂလာဆောင်ပွဲတွေအတွက် ဘိသိတ်အကျိုးဆောင်ပေးနေပါတယ်၊ အားပေးကြပါ၊ ငှားကြပါ” ဆိုပြီးတော့ ပြောပြလာခဲ့ပါတယ်။စာဖတ်ပရိတ်သတ်ကြီးတို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*