ကလေးငယ်တစ်ဦး ‌ဆော့ကစားရင်း မျက်လုံးထဲ အကင်တုတ်စိုက်ဝင်

ကလေးငယ်တစ်ဦး ‌ဆော့ကစားရင်း မျက်လုံးထဲ အကင်တုတ်စိုက်ဝင်

ရှမ်းပြည်နယ်၊မူဆယ်မြို့ရှိ ကလေးငယ်တစ်ဦးဟာ ဆော့ကစားရင်း ချော်လဲလို့ မျက်လုံးထဲကို အကင်တုတ် စိုက်ဝင်သွားခဲ့တယ်လို့ နှလုံးလှ ပရဟိတလူမှုကူညီရေး အသင်းမှ သိရှိရပါတယ်။

နိုဝင်ဘာလ(၁၀)ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ကလေးအချင်းချင်း ဆော့ကစားရာမှ အကင်တုတ် မျက်စိထဲ စိုက်ဝင်မှုဖြစ်ခဲ့တာလို့ ပြောပါတယ်။နှလုံးလှ ပရဟိတလူမှုကူညီရေးအသင်းက “မနေ့ကဖြစ်တာ ကလေးငယ်များကို ဂရုတစိုက် ကြည့်ရှုရန်လိုအပ်ကြောင်း အသင်းရုံးကို ဖုန်းဆက်အကူအညီတောင်းခံလာလို့ အချိန်နှင့်တပြေးညီ မူဆယ်ကနေ လားရှိုးကို ပို့ဆောင်ပေးခဲ့ပါတယ်

အမြန်ဆုံး ပြန်ကောင်းပါစေ ကလေးရေ ဘာမှမဖြစ်ပါစေနဲ့ အသားကင်က ဒုတ်ထိုးမိတာ ကလေး အချင်းချင်း ဆော့ကစားရင်း ဖြစ်တာပါ” ဆိုပြီး ပြောကြားထားပါတယ်။အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မိသားစုနဲ့ နီးစပ်သူတစ်ဦးက “ထိုးမိတဲ့ ဘက် မျက်စိကတော့ ကောင်းကောင့်ဖွင့်ပါပြီ ဘာမှမဖြစ်တဲ့ဘက်က မျက်စိဖွင့်မရလို့

ဒီမနက်ကဘဲ မန္တလေးမှာ သွားပြီးဆက်ကုသရမှာပါ။ ခလေးက အရင်လို ပြန်ဆော့ပေမယ့် ဘာမှမဖြစ်တဲ့ဘက်က ဖွင့်လို့မရဘူးဖြစ်နေတယ်” လို့ပြောကြားထားပါသေးတယ်။ပရိသတ်ကြီးတို့ရဲ့အိမ်မှာ ကလေးငယ်ရင် ဂရုစိုက်ကြည့်ရှုကြပါလို့ မှာချင်ပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*