ပရိသတ်က ထမင်းရှင်မို့ ကြိုက်သလောက်ဝေဖန်ပါ အပြုံးမပျက်ဘူးဆိုတဲ့ သုတအောင်

ပရိသတ်က ထမင်းရှင်မို့ ကြိုက်သလောက်ဝေဖန်ပါ အပြုံးမပျက်ဘူးဆိုတဲ့ သုတအောင်

ပရိတ်သတ်ကြီးတို့ရေ MRTV-4 မင်းသားချောလေးသုတအောင်ကတော့ MRTV-4 ဇာတ်လမ်းတွဲတွေမှာဇာတ်ပို့ဇာတ်ရံအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဝိပါကဆိုတဲ့ ဇာတ်လမ်းတွဲမှာတော့ ခေါင်းဆောင်မင်းသားနေရာကို ရရှိခဲ့ပြီး ပရိတ်သတ်တွေရဲ့အချစ်ကို သိမ်းပိုက်ခဲ့ပါတယ်။

သူကတော့ ရိုးသားတဲ့ တောသားလေး ဖြစ်ကြောင်းဝန်ခံခဲ့ပြီး သားလိမ္မာလေး ဖြစ်တာကြောင့် အချစ်ပိုခဲ့ရပြန်ပါတယ်။ဒီကနေ့မှာလည်း သုတအောင်က စုံတွဲပုံလေးတွေထွက်ပေါ်လာခဲ့ပြန်တာပဲ ဖြစ်ပါတယ်။သုတအောင်တစ်ယောက်တော့ အနုပညာအလုပ်ကလဲ တဟုန်ထိုး အောင်မြင်၊ မိဘကျေးဇူးလဲ ဆပ်နိုင်၊ ချစ်သူချောချောလေး တစ်ယောက်ကိုလဲ ပိုင်ဆိုင်ရနဲ့ကံကောင်းတဲ့ လူသားလေးပါပဲနော်။

ယခုအခါမှာလည်း သုတအောင်က ပရိသတ်ကထမင်းရှင်မို့ ကြိုက်သလောက်ဝေဖန်နေပါစေအပြုံးမပျက်ဘူးဆိုတဲ့အကြောင်းကို အခုလိုပဲပြောပြလာခဲ့ပါတယ်။သုတအောင် “ပရိသတ်က ကြိုက်သလောက်ပြော…သူတို့က ထမင်းရှင် ကျေးဇူးရှင်လေ…သွားနာလို့မရဘူး မကောင်းတာပြောတာမဟုတ်ဘူး သူတို့က ဝေဖန်ပေးတာ အဲ့လိုဝေဖန်တာကို ကိုယ်က တကယ်မှားနေတယ်ဆိုရင် ပြင်ရမှာ…ဒါက ကောင်းတာပြောတာ

သူတို့ကျတော့ ကျွန်တော်နာလို့မရဘူး၊ ကျွန်တော်က ကောင်းတာတွေပဲလိုချင်တဲ့အတွက် ကောင်းတာတွေပဲ ယူတယ်ကောင်းတာတွေဆိုရင်လည်း ပယ်တယ် အဲ့ဒီအတွက် မည်သို့သောအရာတွေပဲ ထိုးနှက်လာပါစေကျွန်တော် အပြုံးမပျက်ဘူး”ဆိုပြီးတော့ ပြောကြားလာခဲ့တာပါ။သုတအောင်ကို ချစ်ခင်ကြတဲ့ ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ရပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*