ခါးရိုးခွဲထားတဲ့ဒဏ်ရာက ပြည်တည်နေတာကြောင့် ဆေးရုံထပ်မံတက်နေရတဲ့ ဟာသလူရွှင်တော် ချစ်ချော

ခါးရိုးခွဲထားတဲ့ဒဏ်ရာက ပြည်တည်နေတာကြောင့် ဆေးရုံထပ်မံတက်နေရတဲ့ ဟာသလူရွှင်တော် ချစ်ချော

ပရိသတ်ကြီးတို့ရေ ဟာသသရုပ်ဆောင် လူရွှင်တော် ချစ်ချောကိုတော့ အထူးမိတ်ဆက်ပေးဖို့ မလိုလောက်ပါဘူးနော်။ယခုအခါမှာတော့ လူရွှင်တော် ချစ်ချောက ခါးရိုးခွဲထားတဲ့ ဒဏ်ရာက ပြည်တည်နေတာကြောင့် ဆေးရုံထပ်မံ တက်ရောက်နေရတဲ့အကြောင်းကို အခုလိုပဲ ပြောပြလာခဲ့ပါတယ်။

” မိတ်ဆွေများကို အပူသောက မကူးစက်စေလိုပါသဖြင့် တိုးတိုးတိတ်တိတ် ဆေးရုံ ပြန်တက်လိုက်ရပါသည်ခင်ဗျာ။ပထမအကြိမ်အဖြစ် 21-9-22 နေ့မှ 28-10-22 ရက်နေ့အထိ၊ အရိုးဆေးရုံကြီး ၊ခါးရိုးခွဲစိတ်ဌာနတွင် တက်ရောက်ကုသခဲ့ပါသည်။

ဆေးရုံဆင်းပြီးနောက် အိမ်တွင် ဆက်လက်ကုသခဲ့ရာမသက်သာပါသဖြင့် 8-11-22 နေ့တွင် ဆေးရုံပြန်တက်ရပြီး 10-11-22 ရက်နေ့တွင် ဒုတိယအကြိမ် Operation ပြန်ဝင်ခဲ့ရပါသည်။ယခုအချိန်ထိလည်း အနာမှ ပြည်များထွက်ဆဲ ဖြစ်ပါသဖြင့် ခါးရိုးထဲမှ အသားစကို

လှီးထုတ်ကာ ဓာတ်ခွဲခန်းသို့ပို့ပြီး အဖြေစောင့်ဆိုင်းနေရပါသည်ခင်ဗျာ ဘုရားသိကြားမလို့ အရိုးကင်ဆာ၊ အရိုးတီဘီများ မဖြစ်ပါစေနှင့်ဟု ဆုတောင်းရုံမှအပ”ဟုပြောပြလာခဲ့တာပါ။ဟာသလူရွှင်တော် ဦးချစ်ချောကို အားပေးကြတဲ့ ပရိသတ်ကြီးတို့လည်း ဦးချစ်ချော အမြန်ဆုံး နေကောင်းကျန်းမာလာစေဖို့ ဆုတောင်းပေးခဲ့ကြပါအုံးနော်။

Be the first to comment

Leave a comment

Your email address will not be published.


*