မန်ကျည်းသီးနဲ့ ထန်းလျက်ရှိရုံဖြင့် ဝိတ်ကျလှပပြီး ဝက်ခြံကင်းစင်စေတဲ့ သဘာဝနည်းလမ်း

မန်ကျည်းသီးနဲ့ ထန်းလျက်ရှိရုံဖြင့် ဝိတ်ကျလှပပြီး ဝက်ခြံကင်းစင်စေတဲ့ သဘာဝနည်းလမ်း

ကျနော်ကအဲဒီ မြေအိုးသေးသေးလေးထဲကို ရေ မပြည့်တပြည့်ထည့်ပြီး မကျည်းသီး လက်တဆုပ်ခန့် ထန်းလျက် အလုံးသေးသေးလေးတွေ ၁၅လုံးခန့်။ ဆားဇွန်း သေးသေး တစ်ဇွန်းခန့်။အဲဒီ ၃မျိုးကို ဒီအတိုင်း ထည့်ထားလိုက်တယ် မမွှေနဲ့ မွှေစရာ မလိုဘူး။ မွှေရင် အဖတ်မှုန်တွေ ထလာလိမ့်မယ်။တစ်ချက်မှ မမွှေဘဲ သူ့ဘာသာ ကြည်တက်လာတဲ့ အရည်ကြည်ကို ရေစစ်ခွက် ကလေးနဲ့ စစ်ပြီး ရေမသောက်ဘဲ ရေအစားထိုးပြီး သောက်တယ်။

သောက်ရင် ဘာအကျိုးဖြစ်မလဲဆို အရင် စဉ်းစားကြည့်ရအောင် မကျည်းသီးကို ကြေးဘုရား ကြေးခွက်တွေ အညှိတွေတက် နေတာတွေကို ပွတ်တိုက် ဆေးကြောပေးရင် ပြောင်လက်သွားတယ်။အသားကိုင်ထားတဲ့ လက်တွေကို မကျည်းသီးနဲ့ ဆေးပေးရင် အနံ့ပျောက်တယ်။ တစ်ချို့က ဆိတ် သားကို အညှီနံ့ ပျောက်အောင် မကျည်း သီးနဲ့နှယ်ပြီး ဆေးတယ်။

ကျနော်တို့လည်း မကျည်းဖျော်ရည်ကို ရေအစားထိုး သောက်မယ်ဆို အမျိုးသားတွေအတွက်​ေရာ အမျိုးသမီးတွေအတွက်ရော ကလေး လူကြီးပါမကျန်သောက်တဲ့ အကျိုးကြောင့်ဝမ်းတွင်း အေးနေမယ်။ကိုယ်တွင်းအဆိပ် အတောက်များကို ဝမ်းအဖြစ် ဖယ်ရှားပေးလို့ အပူအစပ် ကင်းစင်ပြီး မျက်နာမှာ ထွက်နေတဲ့ ဝက်ခြံတွေကို ပါးသထက် ပါးစေမယ်။

အမြဲတမ်း သောက်နေလို့ ဝက်ခြံတွေ အမြစ်ပြတ် ပျောက်သွားမယ်။ ရောဂါမှန်သမျှ အပူကြောင့်ဖြစ်တာ အခုလိုဥပမာနဲ့ ပြောမယ်။ ရေခဲ သေတ္တာထဲကို ထည့်ထားတဲ့ အသီးအရွက်နဲ့ အပြင်မှာထားတဲ့ အသီးအရွက်လိုဘဲ ကျနော် စမ်းကြည့်တုန်းက ရင်အေးတယ်။ဝမ်းမှန်တယ် ။ ဆီးမှန်တယ်။

ခံတွင်းရှင်းပြီး အနံ့ပျောက်တယ်။ မျက်လုံးကြည်တယ်ပါတယ်ဗျာ။ဝက်ခြံတွေ စင်တယ်။ အထူးသဖြင့် သောက်တုန်းက ဝက်ခြံတွေ ပျောက်ချင်လို့ သောက်ခဲ့တာ ပိုက်ဆံမကုန်လို့ အထင်မသေးဘဲ စမ်းကြည့်ရအောင် ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူး ဆိုတဲ့ ရှေးစကားပုံလည်း ရှိတယ်နော်။ ကျနော်တို့ အဖိုး အဖွားတွေ အခုလို သဘာဝအသီးတွေကို ကိုယ့်ဘာသာဖျော်သောက်လို့ ဘာရောဂါမှ မဖြစ်တဲ့အပြင်

ငွေတွေ အလဟသ မကုန်ခဲ့လို့ ဘုရားတွေတည် ကျောင်းတွေ ဆောက်လှူဒါန်း ပေးကမ်းနိုင်ခဲ့ကြပြီး အသက်ရှည်ခဲ့ကြတယ် ဆိုတာကို မမေ့နဲ့နော်။ အိုးလေးထဲမှာ မကျည်းသီးက ၁၀၀ ကျပ်၊ ထန်းလျှက်က ၂၀၀ ကျပ်၊ အားလုံး ၃၀၀ ကျပ် သာကုန်ပြီး ဖန်ခွက်ကြီးနဲ့ ၂ခွက် ဖန်ခွက် သေးနဲ့ ၃ခွက် ထွက်ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*