ဟန်ထူးဈာန်နဲ့ လက်ကုန်တူနေလို့ မပြင်မဆင်ပဲ နေပေးနေရတယ်ဆိုတဲ့ ဟာသသရုပ်ဆောင် မွန်လေး

ဟန်ထူးဈာန်နဲ့ လက်ကုန်တူနေလို့ မပြင်မဆင်ပဲ နေပေးနေရတယ်ဆိုတဲ့ ဟာသသရုပ်ဆောင် မွန်လေး

ပရိတ်သတ်ကြီးတို့ရေ ဟာသသရုပ်ဆောင် မွန်လေးကတော့ ပရိတ်သတ်တွေရဲ့ ဘဝမောတွေ ​လျော့နည်းစေဖို့အတွက် ဟာသvideo လေးတွေကို တင်ဆက်ပေးလေ့ရှိပါတယ်။

ဟာသ video လေးတွေမှာလည်း ပီပြင်စွာ သရုပ်ဆောင်နိုင်တာကြောင့် ပရိတ်သတ်တွေရဲ့ အချစ်တွေ၊ အားပေးမှုတွေကို သိမ်းပိုက်ထားသူတစ်ဦးလည်း ဖြစ်ပါတယ်နော်။သူကတော့ အဆိုတော်ဟန်ထူးဈာန်နဲ့ ရုပ်ရည်အရမ်းတူတယ်ဆိုပြီး ပရိတ်သတ်ကြီးကို “ကျွန်တော်ရဲ့ မျက်နှာ ဒီပုံလေးနဲ့ ဟန်ထူးဈာန်နဲ့ တူတယ်လေ၊ အရမ်း ပြင်ဆင်ထားလိုက်ရင် ဟန်ထူးဈာန် ငုတ်သွားမှာစိုးလို့ ခုလိုပဲ မပြင်မဆင်နေတာပါ”ဆိုပီးပြောပြလာပါတယ်နော်။

“ဟန်ထူးစျာန်ကို စတာပါ စိတ်မဆိုးပါနဲ့အုံး၊ ကျွန်တော်ကတော့ လက်ရှိမှာ ဟာသလေးတွေလည်း တင်ဖြစ်တယ်၊ဈေးလည်းရောင်းဖြစ်တယ် နောက်ပီး အားတဲ့အချိန်တွေမှာ လိုအပ်နေတဲ့သူတွေအတွက် အကျိုးဆောင်လုပ်ပေးဖြစ်တယ်၊လှူဒါန်းကူညီပေးနေပါတယ် နောက်လည်း လိုအပ်နေတဲ့သူတွေကို တတ်နိုင်တဲ့ ဘက်ကအမြဲကူညီနိုင်အောင် ကြိုးစားနေမှာပါ

ပရိသတ်က လက်ခံလို့ မွန်လေးဆိုတာ ဖြစ်လာတာပါ ဒါကြောင့် ပရိသတ်ကို အမြဲရိုသေပါတယ်”လို့မွန်လေးက အခုလိုပဲ အသိပေးလာခဲ့ပါတယ်။မွန်လေးရဲ့ပရိတ်သတ်များ သိရှိရအောင်ရေးသားတင်ပြပေးလိုက်ရပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*