ယခုအခါ ပြန်လွတ်​လာပြီဖြစ်တဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးနှင့် အဆိုတော် စောဖိုးခွား

ယခုအခါ ပြန်လွတ်​လာပြီဖြစ်တဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးနှင့် အဆိုတော် စောဖိုးခွား

ပရိသတ်ကြီးတို့ရေ အင်းစိန်ထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အကျဉ်းကျနေတဲ့ ကဗျာဆရာ၊ရုပ်ရှင် ဒါရိုက်တာ မင်းထင်ကိုကိုကြီး (ခ) ကိုကိုကြီးနှင့် ရက်ဂေးအဆိုတော် စောဖိုးခွား (ခ) စောအလန်စတီးတို့ကို ယနေ့ နံနက်ပိုင်းက ပြန်လွှတ်ပေးလိုက်တယ်ဟုသိရပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီး(ခ) ကိုကိုကြီးနှင့် အဆိုတော် စောဖိုးခွား (ခ) စောအလန်စတီးကို ယနေ့နံနက်ပိုင်းက အင်းစိန်အကျဥ်းထောင်မှ ပြန်လွှတ်ပေးလိုက်သည်မှာ မှန်ကန်ကြောင်း အကျဥ်းဦးစီးမှ တာဝန်ရှိသူတစ်ဦးကဟ”ပြန်လွှတ်လိုက်တာ မှန်ပါတယ် မနက်ကပဲ အကျဥ်းဦးစီးဌာနကနေ ဝန်ထမ်းအချို့ ထောင်ဗူးဝ လိုက်ပို့ပေးလိုက်သေးတယ်”ဟု ပြောကြားခဲ့ပါတယ်။

ကဗျာဆရာ၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ဖေဖော်ဝါရီလ ၁ ရက်နေ့၊မနက် ၂ နာရီဝန်းကျင်ခန့်က နေအိမ်၌ရှိနေစဉ် ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅(ခ)ဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်၂ နှစ် ချမှတ်ခဲ့တာပဲဖြစ်ပါတယ်။ထို့အတူ ရက်ဂေးအဆိုတော် စောဖိုးခွားလည်း ဖမ်းဆီးခံခဲ့ရပြီး သဘာဝဘေးစီမံခန့်ခွဲမှု ပုဒ်မ ၃၀(က)နှင့် ပုဒ်မ ၅၀၅(ခ)တို့ဖြင့် ၂၀၂၁ခုနှစ် နှစ်ကုန်ပိုင်းမှာ ထောင်ဒဏ် ၂နှစ်ချမှတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

“ဒီနေ့မနက် ၉ နာရီ ၁၀ မိနစ်လောက်က နေအိမ်ကို ပြန်ရောက်နေပါပြီ စောဖိုးခွားလည်း လွတ်ပါတယ်ကျန်းမာရေးလည်း ကောင်းပါတယ်”ဟုဆရာမင်းထင်ကိုကိုကြီး မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*