မိဘကို လုပ်ကျွေးမယ်လို့ ရည်ရွယ်ချိန်မှာ စီးပွားရေး ကျဆင်းသွားရတဲ့အကြောင်း ပြောပြလာတဲ့ စွမ်းဇာနည်

မိဘကို လုပ်ကျွေးမယ်လို့ ရည်ရွယ်ချိန်မှာ စီးပွားရေး ကျဆင်းသွားရတဲ့အကြောင်း ပြောပြလာတဲ့ စွမ်းဇာနည်

ပရိသတ်ကြီးတို့ရေ မင်းသားချော စွမ်းဇာနည်ကတော့ ဇာတ်သဘင်လောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်နော်။ချောမောလှတဲ့ ရုပ်ရည်လေးကြောင့် ဇာတ်သဘင်လောကတွင် ရုပ်ရှင်နဲ့ ဗီဒီယိုသာမက ဇာတ်လမ်းတွေကိုပါ လက်ခံရိုက်ကူးခဲ့ရတာပဲ ဖြစ်ပါတယ်နော်။

နောက်ပိုင်းမှာတော့ ပရိတ်သတ်တွေနဲ့ အဆင်ပြေပြေ ဆက်ဆံနိုင်ခြင်း မရှိတော့တာကြောင့် အနုပညာလောကကနေ အနားယူခဲ့ရတာပဲ ဖြစ်ပါတယ်။အခုတစ်ခါမှာဆိုရင်တော့ မင်းသားချော စွမ်းဇာနည်က မိခင်ကို ပြန်လုပ်ကျွေးမယ့်အချိန်မှ စီးပွားရေး ကျဆင်းခဲ့ရတဲ့အကြောင်းကို အခုလိုဝမ်းနည်းစွာနဲ့ ရင်ဖွင့်ပြောပြလာခဲ့ပါတယ်။

မင်းသားချော စွမ်းဇာနည်က “ကျွန်တော်က မိဘကို ပြန်လုပ်ကျွေးရမယ့်အချိန်မှာ ကျွန်တော့် စီးပွားရေးတွေ ကျဆင်းခဲ့တယ်၊ ကျွန်တော်အားမငယ်ဘူး၊ ကျွန်တော် ပြန်ကြိုးစားလို့ရတယ်၊ တစ်နေ့ မိဘတွေကို ပြန်လုပ်ကျွေးနိုင်ရမယ်ဆိုတဲ့ စိတ်နဲ့ ပြန်လည်ကြိုးစားနေခဲ့တယ်၊

ကျွန်တော် အရင်က အရမ်းလိမ်မာတယ်၊ ရေနဲ့ထမင်းပဲ” ဆိုပြီးတော့ ပြောပြလာခဲ့ပါတယ်။စွမ်းဇာနည်ကို အားပေးခဲ့ကြတဲ့ ပရိတ်သတ်ကြီးတို့အတွက် ပြန်လည်ကူးယူ တင်ဆက်ပေးလိုက်ရပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*