သူမ မေမေရဲ့ပုံတူပန်းချီဆွဲပေးခဲ့တဲ့ မြတ်နိုးအေးကို လက်ဆောင်ပန်းချီပြန်ပေးခဲ့တဲ့ ခေတ်ခေတ်လေး

သူမ မေမေရဲ့ပုံတူပန်းချီဆွဲပေးခဲ့တဲ့ မြတ်နိုးအေးကို လက်ဆောင်ပန်းချီပြန်ပေးခဲ့တဲ့ ခေတ်ခေတ်လေး🥰

ပရိသတ်ကြီးတို့ရေ သရုပ်ဆောင် မြတ်နိုးအေးကတော့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိခဲ့တာဖြစ်ပါတယ်။မြတ်နိုးအေးဟာ ပြီးခဲ့တဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့တာကြောင့် စကစရဲ့အလိုရှိဝရမ်းထုတ်ခံခဲ့ရပြီး နေအိမ်ကနေ ထွက်ခွာလာခဲ့ရကာ သူမရဲ့အနုပညာအလုပ်တွေကိုလည်း ရပ်နားခဲ့ရတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မြတ်နိုးအေးဟာ သူမလုပ်နိုင်တဲ့အလုပ်တွေအားလုံးကို လုပ်နေခဲ့ပြီး ရန်ပုံငွေတွေကိုလည်း ရှာဖွေပေးနေတာပဲ ဖြစ်ပါတယ်။ဒီကနေ့မှာတော့ မြတ်နိုးအေးဟာ သရုပ်ဆောင် အဆိုတော် ချစ်သုဝေအတွက် သူမကိုယ်တိုင် ရေးဆွဲထားတဲ့ ပုံတူပန်းချီလေးကို လက်ဆောင်ပေးခဲ့တယ်လို့ ပြောပြလာခဲ့ပါတယ်။မြတ်နိုးအေးက”ပုံတူဆွဲရတာထက် မထရီဇာရဲ့ မရယ်တဲ့ပုံရှာရတာ ပိုခက်လို့ 😂 သွားမပေါ်ရ၊ မပြောင်ရ ဆိုပြီး Selfie ပြန်ရိုက်ခိုင်းပြီး ပို့ခိုင်းရတဲ့အဖြစ်😅

သူ့ကို မချစ်ပါဘူးဆိုပြီး အစွပ်စွဲက ခံရပါသေးတယ်ရှန်😩 ပုံရှာရခက်လို့ မဆွဲဖြစ်သေးပေမယ့် လက်ဆောင်ပေးမို့ရည်ရွယ်ချက်က အစောကြီးတည်းကရှိကြောင်း သက်သေနဲ့တကွ ပြန်ချော့ထားရပါတယ်🤪❤️love you heap heap မို့လို့ ချိတ်မကောက်ပါနဲ့လို့..ဂျပင်လည်း ဖောင်းဖောင်းလေး ဆွဲထားပေးတယ်နော်😜 ခေတ်ခေတ်ကြီးက အားကျမခံ လက်ဆောင်ပြန်ဆွဲပေးသေးတာ🥰” ဆိုပြီးတော့ သူမတို့ ညီအစ်မနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို မျှဝေလာခဲ့ပါတယ်။

မြတ်နိုးအေးက ချစ်သုဝေအတွက် ပုံတူပန်းချီလေးကို လက်ဆောင်ပေးခဲ့ရာ ချစ်သုဝေရဲ့သမီးလေး ခေတ်ခေတ်ဆီကလည်း လက်ဆောင် ခဲပန်းချီပုံလေးတစ်ပုံကို ပြန်လည်ရရှိခဲ့တယ်လို့ ဆိုလာခဲ့ပါတယ်။ ပရိသတ်ကြီးတို့လည်း ချစ်သုဝေနဲ့ မြတ်နိုးအေးနဲ့ ခေတ်ခေတ်တို့ရဲ့ ချစ်စရာ အပြုအမူလေးတွေကိုကြည့်ပြီး သဘောကျနေကြမယ်လို့ ထင်ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*