ကိုယ့်အဖိုးလိုပဲ သဘောထား၊ဂရုစိုက်ပေးပြီး အရမ်းချစ်ရတဲ့ အကယ်ဒမီ မိုးဒီအကြောင်း ပြောပြလာတဲ့ မိုးနီလေး

ကိုယ့်အဖိုးလိုပဲ သဘောထား၊ဂရုစိုက်ပေးပြီး အရမ်းချစ်ရတဲ့ အကယ်ဒမီ မိုးဒီအကြောင်း ပြောပြလာတဲ့ မိုးနီလေး

သရုပ်ဆောင် ဆောင်းဝတ်ရည်မေကတော့ လူလေးလှရုံသာမကပဲ သရုပ်ဆောင်လည်း ကောင်းမွန်တာကြောင့် လက်ရှိအနုပညာလောကမှာ နေရာရတဲ့ မင်းသမီးလေးတစ်လက်အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ဆောင်းဝတ်ရည်မေဟာ ဇာတ်လမ်းတွဲ သရုပ်ဆောင်မင်းသမီးဖြစ်ပေမယ့် အခုဆိုရင် ဇာတ်လမ်းတွဲတွေအပြင် ကြော်ငြာတွေနဲ့ အခြားသောအနုပညာလှုပ်ရှားမှုတွေကိုပါ လုပ်ကိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။

ဒီကနေ့မှာလည်း ဆောင်းဝတ်ရည်မေက ကြော်ငြာတစ်ခုရိုက်ရင်း ငယ်ငယ်က အားပေးခဲ့ရတဲ့ အကယ်ဒမီ သရုပ်ဆောင် ဦးမိုးဒီနဲ့ ဆုံဖြစ်ခဲ့တဲ့အကြောင်းကို ပြောပြလာခဲ့ပါတယ်။ဆောင်းဝတ်ရည်မေက “”သားသားစားချင်တာစားလို့ရပြီ ချောင်းဆိုးတော့ဘူး” ငယ်ငယ်ထဲက အငြိမ့်တွေကြည့်ပြီး အခုထိလည်း အရမ်းချစ်ရတဲ့ လေးလေးမိုးဒီ အနုပညာနယ်ပယ်ထဲရောက်တော့ ခုလို ဆုံမယ်လို့တောင် မတွေးထားခဲ့မိဘူး၊ကြော်ငြာလေးမှာ လေးလေးနဲ့ ဆုံမယ်ဆိုတာ စသိလိုက်ထဲက အရမ်းကိုပျော်ခဲ့ရတာပါ။

ရှုတင်မှာတွေ့တော့လည်း လေးလေးနဲ့ စကားတွေအများကြီး ထိုင်ပြောဖြစ်ပြီး ငယ်ငယ်က ဘယ်လို သဘောကျကြောင်း၊လေးလေးအငြိမ့်တွေ ဘယ်လိုကြိုက်ကြောင်း ပြောပြရတာပီတီပါ။လေးလေးကလည်း သူ့အကြောင်းလေးတွေ ပြန်ပြောပြတာ နားထောင်လို့ကောင်း..အပြင်မှာလည်း အရမ်းချစ်ဖို့ကောင်းနေဆဲပါ ကိုယ့်မှာ အဖိုး၊အဖွာလည်းမရှိတော့ဘူး။ပြီးတော့သက်ကြီးဝါကြီး အနုပညာသမားကြီးမို့ ပြန်ခါနီးလေး လေးလေးကို ကန်တော့လိုက်ရတာကတော့ အမြဲရင်ထဲ အမှတ်တရဖြစ်နေမှာပါ။

နောက်တစ်ခါ ရိုက်ကွင်းတွေမှာ ခုလိုမျိုး ကျန်းကျန်းမာမာနဲ့ ထပ်ဆုံချင်ပါသေးတယ် လေးလေးမိုးဒီ…… ။ရှမ်းကြီးလက်ဖက် TVC လေး ထွက်လာရင်လည်း အားပေးကြပါဦးနော် အရမ်းချစ်လွန်းလို့ ရှူတင်မှာကိုယ့်အဖိုးတစ်ယောက်လိုပဲ သဘောထားပြီး လိုက်ဂရုစိုက်ပေးဖြစ်တယ်။

ငယ်ငယ်က ကိုယ်တွေကို ပျော်အောင်လုပ်ပေးခဲ့တဲ့ လူရွှင်တော်ကြီးတွေကို အရမ်းချစ်ပဲ”ဆိုပြီးတော့ အမှတ်တရ ပြောလာခဲ့ပါတယ်။ဆောင်းဝတ်ရည်မေကတော့ သူမကိုယ်တိုင်လည်း အဖိုး၊အဖွားတွေ မရှိသူဖြစ်သလို ငယ်ငယ်ကတည်းက အားပေးခဲ့ရတဲ့

သရုပ်ဆောင် ဦးမိုးဒီနဲ့ အလုပ်အတူတူလုပ်ခွင့်ရလို့ တော်တော်လေး ဝမ်းသာနေတာပဲ ဖြစ်ပါတယ်။လူကြီးမိဘကို ရိုသေလေးစားတတ်တဲ့ ဆောင်းဝတ်ရည်မေတစ်ယောက် အနုပညာလောကမှာ ဒီထက်မက အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*