Happy Water ကို ကော်ဖီအမှတ်နဲ့ ဖျော်သောက်မိပြီး ဆရာတော်တပါးနှင့် လူ ၄ ဦး Seemore …

KTV နဲ့ ကလပ်တွေမှာသောက်တဲ့ Happy Water ကို ကော်ဖီအမှတ်နဲ့ ဖျော်သောက်မိရာ တာချီလိတ်မှ ဆရာတော်တပါးနှင့် ဒါယိကာ ၄ဦး သတိလစ်မေ့မျော

KTV နဲ့ ကလပ် သွားရောက်သူတွေ ကခုန်ရာမှာ စိတ်မြူးကြွစေဖို့ သောက်သုံးတဲ့ Happy Water ခေါ် မူးယစ်ဆေးတစ်မျိုးကို ကော်ဖီထင်မှတ်ပြီး ဖျော်သောက်မိရာကနေ တာချီလိတ်မြို့ နတ်မောက်
ရွှေသူဌေးကုန်းကျောင်းတိုက်မှ ဆရာတော်တစ်ပါးနဲ့ ဒါယိကာ ၄ဦး သတိလစ်မေ့မျောသွားတယ်လို့ သိရ။

ဒီနေ့မနက် ၇နာရီခွဲခန့်က တာချီလိတ်မြို့ကျောက်တောင်ရပ်မှာရှိတဲ့ နတ်မောက် ရွှေသူဌေးကုန်းကျောင်းတိုက်က ဆရာတော် ဥူးကလောသနဲ့ ဒါယိကာ ၄ဦးဟာ Happy Water ကို ကော်ဖီအမှတ်နဲ့ သောက်သုံးမိတာဖြစ်ပြီး အခု ဆေးရုံမှာ တင်ထားရတယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အဲဒီ(Happy Water)ဟာကို ကော်ဖီဆိုပြီး လာလှူထားတာ ကျန်တဲ့လူတွေကလည်း မသိတော့ ဖျော်ပြီး ဆရာတော်ကိုလည်းကပ် လူတွေလည်းသောက်တာပေါ့။ အဲဒါသောက်ပြီး ခဏလောက်နေတော့
သတိမေ့ကုန်တာ လို့ သူကပြောပါတယ်။

မနက် ၁၀နာရီခွဲခန့်အထိ ဆရာတော်နဲ့ အသက် ၅၀ ကျော်အရွယ် ဒါယိကာတစ်ဦး သတိလစ်မေ့မျောနေဆဲဖြစ်ပြီး ကျန်တဲ့အခြားသူတွေတော့ သတိရပြီလို့ သိရပါတယ်။

Happy Water ကို ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါး အသစ်တစ်မျိုးအဖြစ် သတ်မှတ်ကာ တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေပြီး တာချီလိတ်က KTV နဲ့ ကလပ်တွေမှာတော့ တွင်ကျယ်စွာဖြင့် အသုံးပြုနေတယ်လို့ ဒေသခံ လူငယ်တွေထံကနေ သိရပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*