မုန်တိုင်းငယ်ကြောင့် ရန်ကုန်နှင့် တိုင်းဒေသတချို့တွင် မိုးထစ်ချုန်းရွာသွန်းမည်

မုန်တိုင်းငယ်ကြောင့် ရန်ကုန်နှင့် တိုင်းဒေသတချို့တွင် မိုးထစ်ချုန်းရွာသွန်းမည်

ပရိသတ်ကြီးတို့ရေ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တို့တွင် လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းငယ်အဖြစ် တဖြည်းဖြည်း အားကောင်းလာသည့်အတွက် ရန်ကုန်အပါအဝင် တိုင်းနှင့်ဒေသတချို့တွင် မိုးထစ်ချုန်းရွာသွန်းမည်ဟု မိုး/ဇမှ ထုတ်ပြန်ထားပါတယ်။

လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နိုဝင်ဘာလ (၁၉)ရက်တွင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ မုန်တိုင်းငယ် (Depression)အဖြစ်သို့ တဖြည်းဖြည်း အားကောင်းလာနိုင်မည်ဖြစ်သည်။ယင်းမုန်တိုင်းငယ်သည် နိုဝင်ဘာလ (၂၂)ရက်တွင် အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်း-ပူဒူချယ်ရီနှင့် အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့သို့ ရောက်ရှိနိုင်သည်ဟု မိုး/ဇလကခန့်မှန်းထားသည်။

ထိုမုန်တိုင်းငယ်ကြောင့် ယ‌နေ့ညနေပိုင်းအထိ ခန့်မှန်းချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင်နေရာအနှံ့အပြား၊တနင်္သာရီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ပဲခူးတိုင်းဒေသကြီးတွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊

မကွေးတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကြား မိုးထစ်ချုန်းရွာသွန်းမည်ဖြစ်သည်။နောက်(၂)ရက်အတွက်ခန့်မှန်းချက်အ‌နေဖြင့်ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကြားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာသွန်းနိုင်မည်ဟု မိုး/ဇလ မှထုတ်ပြန်ထားပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*