ပွဲဦးထွက် ဇာတ်လမ်းတွဲလေး ရိုက်ကူးရတော့မှာမို့ ဝမ်းသာနေတဲ့ လူကြမ်းမင်းမင်းရဲ့သမီးဇင်စန္ဒာလှထွန်း

ပွဲဦးထွက် ဇာတ်လမ်းတွဲလေး ရိုက်ကူးရတော့မှာမို့ ဝမ်းသာနေတဲ့ လူကြမ်းမင်းမင်းရဲ့သမီးဇင်စန္ဒာလှထွန်း

ပရိတ်သတ်ကြီးတို့ရေ လူကြမ်းသရုပ်ဆောင်ကြီး မင်းမင်းကတော့ အနုပညာလမ်းကြောင်းပေါ်မှာ လူကြမ်းသရုပ်ဆောင် ဇာတ်ပို့ဇာတ်ရံ တစ်ယောက်အဖြစ် ရပ်တည်ခဲ့တဲ့ ဝါရင့်သရုပ်ဆောင်ဖြစ်ပြီး ဖိုက်တင်ခန်းတွေမှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့လို့ ပရိသတ်တွေရဲ့ အားပေးမှုရရှိခဲ့တာလည်း ဖြစ်ပါတယ်။

လူကြမ်းသရုပ်ဆောင် မင်းမင်းကတော့ ဇင်စန္ဒာလှထွန်းဆိုတဲ့ သမီးလေးတစ်ယောက်ရှိပြီး အနုပညာနယ်ပယ်မှာ​ အောင်မြင်တဲ့ အနုပညာရှင် ဖြစ်စေချင်တဲ့အတွက် အားစိုက်ကာ ပံ့ပိုးပေးနေတာလည်း ဖြစ်ပါတယ်။

လူကြမ်းသရုပ်ဆောင် မင်းမင်းနဲ့ သမီးလေး ဇင်စန္ဒာထွန်းက အနုပညာအလုပ်တွေ မရှိသေးချိန်မှာ ကွန်တိန်နာကျ အထည်လေးတွေကို live လွှင့်ပြီးရောင်းချနေခဲ့တာပါ။

ခုဆိုရင်တော့ မင်းမင်းရဲ့သမီးလေးက သူမရဲ့ပွဲဦးထွက် ဇာတ်လမ်းတွဲလေးကို ဝမ်းသာစွာနဲ့ မျှဝေပေးလာခဲ့ပါတယ်။”ဂမ္ဘီရငတေနှင့် မိန်းမလှဖုတ်ကောင်” ဇာတ်လမ်းတွဲလေးမှာ သရုပ်ဆောင် မင်းသား ထိုက်စံမော့(စ်)နဲ့အတူ တွဲဖက် သရုပ်ဆောင် သွားမယ်လို့ သိရပါတယ်။

ဖေဖေလူကြမ်းကြီးရဲ့ သမီးလေးအပေါ်မှာထားတဲ့ ရည်ရွယ်ချက်တွေ ခြေတစ်လှမ်း လှမ်းနိုင်ပြီမို့ သမီးလေးအတွက် ဘယ်လောက်တောင် ဝမ်းသာပီတိဖြစ်နေမလဲနော်။ဇင်စန္ဒာလှထွန်းတစ်ယောက် အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*