လှည်းကူးမြို့၊ဗောဓိဆာယာတောရကျောင်းကို ငွေကျပ်(-)သိန်း သွားရောက်လှူဒါန်းခဲ့တဲ့ အဆိုတော်လေးဖြူ

လှည်းကူးမြို့၊ဗောဓိဆာယာတောရကျောင်းကို ငွေကျပ်(-)သိန်း သွားရောက်လှူဒါန်းခဲ့တဲ့ အဆိုတော်လေးဖြူ

ပရိတ်သတ်ကြီးတို့ရေ အဆိုတော် လေးဖြူကတော့ အသံပါဝါအားကောင်းကောင်းနဲ့ အမိုက်စားတေးသီချင်းတွေကြောင့် တနိုင်ငံလုံးရှိ ပရိတ်သတ်များရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့သူတစ်ယောက်ပါ။သူပါဝင်တဲ့ “Iron Cross” band ကလည်း လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော်လောက်ကတည်းကနေ အခုအချိန်အထိ ပရိသတ်တော်တော်များများရဲ့ အားပေးမှုကို ရရှိနေဆဲဖြစ်တဲ့ အဖွဲ့တစ်ဖွဲ့ပဲ ဖြစ်ပါတယ်။

နာမည်ကျော် ရော့ခ်အဆိုတော် တစ်ဦးဖြစ်သည့် အငဲရဲ့အစ်ကိုရင်းဖြစ်တဲ့ လေးဖြူကတော့ Iron Cross Band နှင့်အတူ စင်မြင့်ဖျော်ဖြေပွဲများစွာ သီဆိုလာခဲ့သူ တစ်ဦးဖြစ်ပါတယ်။Iron Cross ရဲ့ ပင်တိုင်အဆိုရှင် တစ်ဦးဖြစ်တဲ့ လေးဖြူရဲ့ သီချင်းတွေအားလုံးဟာ လူငယ်၊ လူကြီးအားလုံးရဲ့အကြိုက်နဲ့ ထပ်တူကျခဲ့ပြီး ခေတ်တစ်ခေတ်မှာ အောင်မြင်မှုရဲ့ အထွဋ်အထိပ်ထိကို ရောက်ရှိခဲ့ပါတယ်။

အဆိုတော်ကြီးတွေလို့ တင်စားရလောက်အောင် ဂီတနယ်ပယ်မှာ ဝါရင့်အဆိုတော်တွေအဖြစ် အသိအမှတ်ပြုထားရတာလည်း ဖြစ်ပါတယ်။အဆိုတော် လေးဖြူကတော့ များသောအားဖြင့် လူငယ်ပရိတ်သတ်တွေ ကြိုက်နှစ်သက်တဲ့ Rock ဂီတအမျိုးအစားတွေကို သီဆိုလေ့ရှိပြီး အထူးသဖြင့် ယောက်ျားလေး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ပရိသတ်တွေ မမြင်တွေ့ရတာ ကြာနေပြီဖြစ်တဲ့ အဆိုတော် လေးဖြူရဲ့ ပုံရိပ်တချို့ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။လေးဖြူက အသက်အရွယ်တစ်ခု ရောက်နေပေမဲ့လည်း သူရဲ့သီချင်းလေးတွေကတော့ ပရိတ်သတ်ရဲ့ ရင်ထဲမှာ အမြဲနုပျိုလတ်ဆတ်နေဆဲပါ။ယခုအခါမှာလည်း ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်ရှိ ဗောဓိဆာယာတောရ ကျောင်းကို အဆိုတော် လေးဖြူနဲ့ မိသားစုက ငွေကျပ်(၁၀)သိန်း သွားရောက်လှူဒါန်းခဲ့​တာပါ။

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်( ၁၈မိုင် ၃ဖာလုံ) ရွှေစည်တော်ရိပ်သာအနီးရှိ မင်းကုန်းကျေးရွာ၊လှည်းကူးမြို့နယ် ဗောဓိဆာယာတောရ ထေရီမတို့ရွာကျောင်းကို အဆိုတော် လေးဖြူနှင့်ဇနီး မခင်နွယ်နွယ်သန်းတို့ မိသားစုတို့က နိုဝင်ဘာလ (၁၇)ရက်နေ့က ဆရာကြီးဘုရားအတွက် ယာဉ်ဒါနအလှူ ငါးသိန်းကျပ် ၊ဆေးဒါနအလှူ နှစ်သိန်းကျပ်၊သာသနာ့မြေအလှူ တစ်သိန်းကျပ်၊ကွန်ကရစ်လမ်းအလှူ နှစ်သိန်းကျပ်နှင့် စုစုပေါင်း ဆယ်သိန်းကျပ်ကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

အဆိုပါကျောင်းတိုက်တွင် အဆိုတော် လေးဖြူရဲ့ဇနီးဖြစ်သူက (၅)ကြိမ်မြောက်အဖြစ် သီလရှင် သီးသန့် ကိုးရက်တာ တရားစခန်းဝင်ရောက်ပြီးနောက် လှူဒါန်းခဲ့တာဖြစ်ပါတယ်။Rock အဆိုတော်ကြီး လေးဖြူရဲ့ ပုံရိပ်တွေကို ပရိသတ်တွေ သဘောကျ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိတ်သတ်ကြီးတို့ကို ကျေးဇူးအထူးတင်ရှိပါတယ် ပျော်ရွှင်စရာနေ့လေးဖြစ်ပါစေ ပရိတ်သတ်ကြီးတို့ရေ။

Be the first to comment

Leave a comment

Your email address will not be published.


*