ခမ်းနားလှတဲ့ မြန်မာမှုဆိုင်းဝိုင်းအပါအဝင် စင်တင်တေးဂီတနဲ့ Barဆိုင်ကြီးကို ဖွင့်လှစ်သွားမယ့် မင်းသား စွမ်းဇာနည်
ပရိသတ်ကြီးတို့ရေ သဘင်မင်းသားချော၊သရုပ်ဆောင် စွမ်းဇာနည်ကတော့ ဇာတ်သဘင်လောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်နော်။စွမ်းဇာနည်ဟာ ချောမောလှပတဲ့ ရုပ်ရည်လေးကြောင့် ဇာတ်သဘင်လောကတွင် ရုပ်ရှင်နဲ့ ဗီဒီယိုသာမက ဇာတ်လမ်းတွေကိုပါ လက်ခံရိုက်ကူးခဲ့ရတာပဲ ဖြစ်ပါတယ်နော်။
နောက်ပိုင်းမှာတော့ ပရိတ်သတ်တွေနဲ့ အဆင်ပြေပြေ ဆက်ဆံနိုင်ခြင်း မရှိတော့တဲ့အပြင် ကျန်းမာရေးလအခြေအနေကြောင့် အနုပညာလောကကနေ အနားယူခဲ့ရတာပဲ ဖြစ်ပါတယ်။စွမ်းဇာနည်က သူရဲ့ကျန်းမာရေးတွက် ဆေးသောက်နေရတာ ၆နှစ်ရှိနေပြီဖြစ်ပြီး အခုအခါမှာတော့ ပြန်လည်ကျန်းမာလာပြီလို့ သိရပါတယ်။
အခုတစ်ခါမှာတော့ စွမ်းဇာနည်က သူ့ကိုမှီခိုနေကြတဲ့ တပည့်လေးတွေအတွက်ရော သူ့ရဲ့ငယ်ငယ်ထဲက ရည်ရွယ်ချက်တစ်ခုဖြစ်ခဲ့တဲ့ တေးဂီတအစုံပါတဲ့ Barနဲ့ စင်တင်တေးဂီတ ဆိုင်အကြီးကြီး တစ်ဆိုင်ကို မော်လမြိုင်မြို့မှာ ဖွင့်လှစ်သွားဖို့ရှိကြောင်း ပြောပြလာခဲ့ပါတယ်။
Bar ဆိုင်ဆိုပေမဲ့လည်း မြန်မာမှုဖြစ်တဲ့ ဆိုင်းဝိုင်းကိုပါထည့်သွင်းမှာဖြစ်ပြီး ကိုယ်တိုင်လဲ ဆိုင်မှာ ပင်တိုင်စံ အဆိုတော်တစ်ယောက်အနေနဲ့ ဖျော်ဖြေသွားဖို့ရှိကြောင်း၊ဆိုင်ဖွင့်ရတဲ့ အဓိကအကြောင်းကတော့ သူရဲ့ဇာတ်သဘင်က တပည့်၊သားမြေးလေးတွေကို အားလုံးအလုပ်ပြန်ရစေချင်လို့ဖြစ်ကြောင်း ပြောပြလာခဲ့တာပါ။
မင်းသား စွမ်းဇာနည်က သူသာ ဆိုင်ဖွင့်ခဲ့ရင် စားဝတ်နေရေး ခက်ခဲနေကြတဲ့ သူရဲ့လူတွေအကုန်လုံး အဆင်ပြေအောင် အလုပ်တွေပေးနိုင်စေဖို့ ရည်ရွယ်ချက်နဲ့ အကောင်ထည်ဖော်ဖို့ရှိကြောင်း ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။
Be the first to comment