ယနေ့အချိန်ထိ ပရိသတ်တွေ အားပေးကြလို့ဝမ်းသာရတယ်လို့ပြောလာတဲ့ သရုပ်ဆောင် အံ့မင်းညို
ပရိသတ်ကြီးတို့ရေ ဗီဒီယိုခေတ်မှာထဲက နာမည်ကြီး လူကြိုက်များခဲ့တဲ့ ဝါရင့်သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ အံ့မင်းညိုကိုတော့ ပရိသတ်တိုင်း သိကြလိမ့်မယ်လို့ထင်ပါတယ်နော်။
အနုပညာလောကမှာ ဆယ်စုနှစ်များစွာထိတိုင်အောင် နယ်ပရိသတ် အခိုင်အမာရရှိထားပြီး အောင်မြင်မှု့တွေ ရရှိပိုင်ဆိုင်ခဲ့တဲ့ သရုပ်ဆောင် အံ့မင်းညိုကတော့ အလွမ်းအဆွေးအပြင် အကြမ်းအရမ်း ဖိုက်တင်ခန်းတွေမှာလည်း ပီပြင်ပိုင်နိုင်သူစွာ သရုပ်ဆောင်တတ်သူ တစ်ယောက်ဖြစ်တာကြောင့် အားလုံးက ချစ်ခင်အားပေးကြတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ သရုပ်ဆောင် အံ့မင်းညိုက tiktok ဆယ်လီတွေနဲ့အတူ သီချင်း MTV တွေ ဆက်တိုက်ရိုက်ကူးနေပြီး အလှကုန်ပစ္စည်းတွေကိုလည်း ချစ်ဇနီးလေးနဲ့အတူ live လွှင့်ရောင်းချပေးနေတာပဲ ဖြစ်ပါတယ်။သရုပ်ဆောင် အံ့မင်းညိုကတော့ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံတတ်ပြီး ဘဝကို ပကာသနမပါဘဲ ရိုးရိုးဖြတ်သန်းနေတာလည်း ဖြစ်ပါတယ်။
အခုတစ်ခါမှာဆိုရင် သရုပ်ဆောင် အံ့မင်းညိုက သူရဲ့ရိုက်ကွင်းထိ လာရောက်အားပေးကြတဲ့ ပရိတ်သတ်များကို ကျေးဇူးတင်ကြောင်း အခုလို ပြောပြလာခဲ့ပါတယ်နော်။မင်းသားကြီး အံ့မင်းညိုက “ဆင်မြေရွာကကျွန်တော်ချစ်သော် သူများနဲ့ဆိုပြီး” သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်။စာဖတ်ပရိတ်သတ်ကြီးများအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။
Be the first to comment