ချစ်ဇနီးရဲ့အကြောင်းဖော်ကောင်လုပ်ပြီး ပရိသတ်ကို ပြောပြလာတဲ့ သရုပ်ဆောင်နိုင်လူ

ချစ်ဇနီးရဲ့အကြောင်းတွေ ဖော်ကောင်လုပ်ပြီး ပရိသတ်တွေကို အားရပါးရ ပြောပြလာတဲ့ သရုပ်ဆောင် နိုင်လူ

ပရိတ်သတ်ကြီးတို့ရေ အခုတစ်ခါမှာဆိုရင်တော့ သရုပ်ဆောင် နိုင်လူက အနုပညာလောကမှာ ဇာတ်ပို့ဇာတ်ရံ၊ လူကြမ်းသရုပ်ဆောင်အဖြစ် နှစ်ပေါင်း(၃၀)ကျော်ကြာ ဖြတ်သန်းလာခဲ့တဲ့ အနုပညာရှင်ပဲ ဖြစ်ပါတယ်။အခုအခါမှာတော့ ဦးနိုင်လူက သူရဲ့ရှူမညီးတဲ့ ချစ်ဇနီးအကြောင်းကို အခုလိုပဲ အားပါးတရ ပြောပြလာခဲ့တာပါ။

“ကျွန်တော့်မိန်းမက ဘယ်လိုအလုပ်တွေပဲလုပ်လုပ် ဆုံးရှုံးမှုတွေရှိလဲ ဘာမှမပြောဘူး၊ သူကအစားတစ်လိုင်း မွန်လူမျိုးတွေက အစားစားရတာကြိုက်တယ် သွေးတတ်နေလဲ ဝက်သားနဲ့ဒညင်းသီး ချက်စားတာပဲ၊ ဒံပေါက်လည်း စားလိုက်တာပဲ၊အဝတ်အစား လုံးဝမမတ်ဘူး၊ သူက အစားမှအစား၊

သူက စာဖတ်တာလည်း ဝါသနာပါတယ်၊ စာအုပ်တအားဖတ်တယ် ဖတ်ရင်လည်း သရဲအကြောင်းတွေ ပြီးရင် အိမ်သာကို တစ်ယောက်တည်း မသွားရဲဘူး အမြဲလာခေါ်တယ်၊ စီးပွားကတော့ အတူတူရှာကြတာပါ၊

၂၀၁၉ လောက်က အလှကုန်တွေရောင်းတာ ကိုဗစ်ဖြစ်ကြတော့ အားလုံးရှုံးပါတယ် သိန်း(၅၀၀)လောက် ရှုံးတာပါ စိတ်ဓာတ်မကျပါဘူး လူမသေ ငွေမရှားပါ သုညကနေစပြီး သုညပြန်ဖြစ်တာ စိတ်ဓာတ်မကျဘူး၊အဲ့အချိန်ကတော့ ကိုယ်ရဲ့ဟိုစပ်စပ် ဒီစပ်စပ်အလုပ်ကရတာလေးတွေနဲ့ စားသောက်ရတာပါ၊

ကိုယ့်အလုပ်မှာ သူ့မျက်နှာကြောင့် ပိုရောင်းရတာမျိုးတွေရှိတယ်၊ ဈေးကူရောင်းပေးတယ် ပြီးရင်တော့ ကျွန်တော်က ဖြုန်းတဲ့ထဲပါတယ်၊နောက်ပီး ကျွန်တော့သမီးလေးကိုလည်း ဝ်ိုင်းချစ်ပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်”ဆိုပြီးတော့ ပြောပြလာခဲ့တာပါ။

Be the first to comment

Leave a comment

Your email address will not be published.


*