မိခင်ကလည်း ဆိုင်ကယ်မှောက်ထားပြီး မသန်စွမ်းသမီးလေးကို စျေးရောင်းပြီးရှာကျွေးနေတဲ့ သားမိကို သွားရောက်ကူညီခဲ့တဲ့ ကိုသာဂိ

မိခင်ကလည်း ဆိုင်ကယ်မှောက်ထားပြီး မသန်စွမ်းသမီးလေးကို စျေးရောင်းပြီးရှာကျွေးနေတဲ့ သားမိကို သွားရောက်ကူညီခဲ့တဲ့ ကိုသာဂိ

ပရိသတ်ကြိီးရေ နာမည်ကျော် မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ Aroma ကိုအောင်မြတ်သူ(ခ) ကိုသာဂိကတော့ အောင်မြင်ကျော်ကြားတဲ့ မိတ်ကပ်ပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်နော်။

ကိုသာဂိလို့ ဆိုလိုက်တာနဲ့ မှော်ဆန်လွန်းတဲ့ မိတ်ကပ်ဖန်တီးမှုတွေကြောင့် ဒိတ်ဒိတ်ကြဲ အနုပညာရှင်များအပြင် ပရိသတ်တွေတော်တော်များများကပါ အားပေးချစ်ခင်ကြတဲ့ နာမည်ကျော် မိတ်ကပ်ပညာရှင် တစ်ဦးပဲဖြစ်ပါနော်။

ဒီကနေ့မှာတော့ ကိုသာဂိက တွံတေးမြို့က မသန်စွမ်းသမီးလေးကို စျေးရောင်းပြီး ရှာဖွေကျွေးမွေးနေတဲ့ မလွင်လွင်သန်းတို့သားအမိကို သွားရောက်ကူညီလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

“မိခင်ဖြစ်သူ မလွင်လွင်သန်းက ဒီကလေးလေးတွေကို ကျွန်မထက်အရင် သေသွားမှာပဲ ဆုတောင်းမိတယ်”ဆိုတဲ့ စကားလေးက ကျွန်တော့်ကို ဟက်ထိသွားတယ်၊လူပျိုကြီးဆိုပေမဲ့ မိဘတစ်ယောက်ရဲ့စိတ်မျိုးရှိနေတာမို့ သူ ဒီလိုဝေဒနာကိုခံစားနေရတယ်

တအားစိတ်မကောင်းဖြစ်မိတယ်၊မိဘတွေ အသိပညာနည်းတာတွေ၊ ဘာသာရေးအရရှိရင် ဝဋ်ကြွေးတစ်ခုပေါ့ အများကြီး ထပ်လုပ်ပေးလို့မရပေမဲ့ စားဝတ်နေရေး ချောင်လည်အောင်တော့ နိုင်သလောက် ကူညီပေးခဲ့ပါတယ်”ဆိုပြီးတော့ ကိုသာဂိက ပြောကြားခဲ့ပါတယ်။

“မိဘဆိုတာ ဘယ်သားသမီးကိုမှ အရင်မသေစေချင်ပါဘူး၊ဒါပေမဲ့ ကိုယ်အရင်သေရင် ဘယ်လိုမှ အသေဖြောင့်မှာမ ဟုတ်ဘူးလေ၊ကိုယ်မရှိရင်တော့ သူ့ဘာသာ အစာရေစာဖြတ်သွားလိမ့်မယ်၊ဦးနှောက်ကတော့ အကုန်အသိရှိတယ်”ဆိုပြီးတော့ မသန်စွမ်း သမီးလေးရဲ့ မိခင်ဖြစ်သူ မလွင်လွင်သန်းက ပြောကြားခဲ့တာပါ။

“အများကြီးမဟုတ်‌ပေမယ့် အထောက်အပံ့တစ်ခုတော့ ကူပေးနိုင်ခဲ့လို့ ပီတိဖြစ်မိပါတယ်၊ကိုသာဂိကို အားပေးကြသော မိဘပြည်သူများရဲ့ လုပ်အားခဖြင့် ယနေ့ပြုခဲ့သော ကုသိုလ်ပါခင်ဗျာ၊မိခင်ကလည်း ဆိုင်ကယ်မှောက်ထားလို့ ခြေမသန်၊သမီးလေးကလည်း မွေးကင်းစကတည်းက မသန်မစွမ်းမို့ ကူညီပေးခဲ့တာပါခင်ဗျာ”ဆိုပြီးတော့ ပြောကြားလာခဲ့တာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးတို့ ကုသိုလ်ပွားများနိုင်ဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*