နာမည်ကြီး သရုပ်ဆောင်မဟုတ်လို့ စျေးသည်မလေးလို့ဘဲခေါ်ဖို့ တောင်းဆိုလိုက်တဲ့ ဆယ်လီ မေနွယ်ထွန်း

နာမည်ကြီး သရုပ်ဆောင်မဟုတ်လို့ စျေးသည်မလေးလို့ဘဲခေါ်ဖို့ တောင်းဆိုလိုက်တဲ့ ဆယ်လီ မေနွယ်ထွန်း

ပရိတ်သတ်ကြီးတို့ရေ အခုတစ်ခါမှာဆိုရင်တော့ ဆယ်လီ မေနွယ်ထွန်းက သူမဟာ နာမည်ကြီးသရုပ်ဆောင်တစ်ယောက် မဟုတ်လို့ စျေးသည်မလေးလို့ဘဲခေါ်ဖို့ အခုလို မေတ္တာရပ်ခံလာခဲ့ပါတယ်။

ဆယ်လီမေနွယ်ထွန်းက “အခုနောက်ပိုင်း ခွီတာတောင် Public နဲ့ မခွီရဲတော့ပါဘူးတော်၊ Page တွေက အကုန်ယူတင်ကြတာ၊ ယူတင်တာက ကိစ္စမရှိပါဘူး၊ ကိစ္စရှိတာက သရုပ်ဆောင်ဆိုတာကြီး ထည့်ထည့်ရေးတာ ပြဿနာ၊

အောက်ကမန့်တွေမှာ တကားမှမကြည့်ဘူး၊
ပါဘူးတို့ ဘာတို့ရေးရင် ရှက်လွန်လွန်းလို့၊ သူတို့လဲမမှားဘူးလေ အုပ်စိုးခန့်နဲ့ Yite ပြီးကတည်းက အပိုင်း (၁) ဇာတ်သိမ်းပိုင်း ဆိုတော့ ဘယ်သူမှကို မသိဘူး။

အဲ့အစား ဘုရားမှာ ကြာပန်းတွေရောင်းနေတဲ့ မေနွယ်ထွန်းလို့ ရေးပေးတာမှ ဝယ်ကြဦးမယ်ကွယ်
မူးလို့ပါ၊ နောက်တခါကူးရင် စျေးသည်လေးလို့ပဲ
ရေးပေးကြပါ အဖေတို့အမေတို့ရဲ့၊

ဒီပရက်ရှန်တွေဝင်လို့တအား၊ Fay L M မဘဝကြီး” ဆိုပြီးတော့ သူမရဲ့လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားဖော်ပြထားပါတာပဲ ဖြစ်ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*