အရမ်းလှလာတဲ့ ညီမလေးကိုကြည့်ပြီး ချစ်မဝဖြစ်နေတဲ့ မေပန်းချီ
ပရိတ်သတ်ကြီးတို့ရေ သရုပ်ဆောင် မေပန်းချီကတော့ သူမရဲ့တစ်ဦးတည်းသော ညီမလေး ငွေစန္ဒာစိုးနောင်ကို အရမ်းချစ်ပြီး အစစအရာရာမှာ အမကြီးအမိရာဆိုသလို လိုအပ်တာမရှိရလေအောင် အစစအရာရာ ဖြည့်ဆည်းပေးနေတာပဲ ဖြစ်ပါတယ်။
မေပန်းချီရဲ့ညီမ ငွေစန္ဒာလေး သီဆိုထားတဲ့ သီချင်းလေးတွေလဲ ထွက်ရှိထားတာဖြစ်ပြီး သရုပ်ဆောင်ထက် ဂီတကို ပိုပြီးဝါသနာပါတဲ့ ညီမငယ်လေးရဲ့ ရည်ရွယ်ချက်ကို ဘေးကနေပြီး အကောင်းဆုံး ကူညီပံ့ပိုးပေးနေတာပဲ ဖြစ်ပါတယ်။
ယနေ့အခါမှာတော့ အရင်ပုံစံနဲ့ လုံးဝကွဲပြားသွားတဲ့ ညီမဖြစ်သူရဲ့ အမိုက်စားပုံရိပ်လေးကို ချပြလာခဲ့ပါတယ်။
“လှ လာသလိုလို”ဆိုတဲ့မှတ်ချက်လေးနဲ့အတူ မေပန်းချီကတော့ ညီမဖြစ်သူငွေစန္ဒာလေးကို အရင်ကထက် ပိုပြီးလှအောင် ပြောင်းလဲပေးလိုက်တာပဲ ဖြစ်ပါတယ်နော်။
Be the first to comment