အလိုလိုနေရင်း ငိုပဲငိုချင်နေတဲ့ သူမရဲ့ခံစားချက်တွေကို ဝေမျှပြောပြခဲ့တဲ့ အဆိုတော်ပိုပို
ပရိသတ်ကြီးတို့ရေ ပိုပိုကတော့ သူရဲကောင်းမလေးလို့ ပရိသတ်တွေက သတ်မှတ်ခြင်းခံခဲ့ရတဲ့ နွေဦးပန်းလေးတစ်ပွင့်ပါ။သူမရဲ့ခံယူချက်နဲ့ ရပ်တည်ချက်ကို ရဲဝံ့ပြတ်သားစွာ ပြသခဲ့တာကြောင့် ဖမ်းဆီးအကျဉ်းချခံခဲ့ရတာပဲ ဖြစ်ပါတယ်။
တစ်နှစ်ကျော်ကြာ ပရိသတ်တွေနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တဲ့ ပိုပိုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပြီပဲ ဖြစ်ပါတယ်။
မိန်းမသားတစ်ယောက်အနေနဲ့ နှစ်ရှည်လများ အကျဉ်းကျပြီး ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ပိုပိုဟာ သူမအနေနဲ့ လွတ်လပ်သွားပြီဆိုပေမယ့်လည်း စိတ်ပိုင်းဆိုင်ရာအခြေအနေကတော့ ကျဉ်းကြပ်နေဆဲ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ပိုပိုက သူမရဲ့စိတ်ခံစားချက်တွေနဲ့ပတ်သက်ပြီး ပြောပြလာခဲ့ပါတယ်။ပိုပိုတစ်ယောက် အိမ်ပြန်ရောက်လာခဲ့ပေမယ့်လည်း စိတ်ဒဏ်ရာတွေကြောင့် “အလိုလို ဝမ်းနည်းတယ် ငိုမိတယ်😢”ဆိုပြီးတော့ ရင်ဖွင့်ရေးသားလာခဲ့တာပဲ ဖြစ်ပါတယ်။
ပိုပိုတစ်ယောက် စိတ်ရောလူပါ အမြန်ဆုံး ကျန်းမာရွှင်လန်းပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်။
Be the first to comment