ယနေ့အချိန်ထိ ကျက်သရေရှိစွာ လှပနုပျိုနေဆဲဖြစ်တဲ့ ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်

ယနေ့အချိန်ထိ ကျက်သရေရှိစွာ လှပနုပျိုနေဆဲဖြစ်တဲ့ ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်

ပရိသတ်ကြီးတို့ရေ မြန်မာ့ရုပ်ရှင်လောကမှာ တစ်ခေတ်တခါက နာမည်ကြီးကျော်ကြားခဲ့တဲ့ အနုပညာရှင် ညီအစ်မ နှစ်ဦးရှိခဲ့ပါတယ်။သူမတို့ကတော့ အစ်မဖြစ်သူ ချစ်ချစ်ဇော်နဲ့ ညီမဖြစ်သူ လင်းဇာနည်ဇော် တို့ပဲဖြစ်ပါတယ်။အစ်ကိုဖြစ်သူကတော့ ရုပ်ရှင်ဇာတ်ကားတွေကို ဖန်တီးသရုပ်ဖော်တဲ့နေရာမှာ နာမည်ကြီးတဲ့ ဒါရိုက်တာ မိုက်တီးပဲ ဖြစ်ပါတယ်။

လင်းဇာနည်ဇော်ရဲ့ အစ်မဖြစ်သူ ချစ်ချစ်ဇော်ဟာ ယဉ်ကျေးမှုဌာန ဆရာမဖြစ်ခဲ့ဖူးသူ တစ်ဦးဖြစ်ပြီး နောက်ပိုင်းမှာ အနုပညာလောကကို ဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။သူမဟာ အစ်ကိုဖြစ်သူ ဒါရိုက်တာ မိုက်တီးနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပတ်စဉ် မိန့်ခွန်းပြောကြားရာကို သွားရောက်နားထောင်ခဲ့မှုနဲ့ ပန်းစည်းပေးမူတို့ကြောင့် ယဉ်ကျေးမှုဌာန ဆရာမဘဝမှ အနားယူခဲ့ရသူဟု ကြားဖူးပါတယ်။

လင်းဇာနည်ဇော်ကတော့ ဆံနွယ်ရှည်လေးနဲ့ ချစ်ဖို့ကောင်းတဲ့ မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားပြီး ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။သူမဟာ နာမည်ကြီး မင်းသားတစ်လက်ဖြစ်ခဲ့တဲ့ ရဲကိုကိုရဲ့ဇနီးဖြစ်ပြီး လက်ရှိချိန်မှာတော့ အိမ်ထောင်ရေး အဆင်မပြေတာကြောင့် ကွာရှင်းခဲ့တာ ကြာခဲ့ပြီပဲ ဖြစ်ပါတယ်။

သူမဟာ ချစ်ရတဲ့တစ်ဦးတည်းသော သမီးလေးကို တာဝန်ယူစောင့်ရှောက်နေပြီး ဝမ်းရေးအဖြစ် “ရွှေခေါက်ဆွဲ”နာမည်နဲ့ အရသာရှိလှတဲ့ ရွှေတောင်ခေါက်ဆွဲများကို အစ်မဖြစ်သူ ချစ်ချစ်ဇော်နဲ့အတူ ရောင်းချပေးနေတာပဲ ဖြစ်ပါတယ်။အရမ်းကိုချစ်ကြတဲ့ ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်တို့ရဲ့ ငယ်စဉ်က ဓာတ်ပုံလေးတွေနဲ့ အခုလက်ရှိနုပျိုပြီး ကျက်သရေရှိတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ ဓာတ်ပုံလေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*