ဘဝရဲ့ခက်ခဲပင်ပန်းဆုံးအချိန်မှာ စိတ်ခွန်အားတွေပေးခဲ့တဲ့ မေတိုးခိုင်နဲ့တွေ့ဆုံပြီး အလွမ်းသယ်ခဲ့တဲ့ ပိုပို

ဘဝရဲ့ခက်ခဲပင်ပန်းဆုံးအချိန်မှာ စိတ်ခွန်အားတွေပေးခဲ့တဲ့ မေတိုးခိုင်နဲ့တွေ့ဆုံပြီး အလွမ်းသယ်ခဲ့တဲ့ ပိုပို

အဆိုတော် ပိုပိုကတော့ သီချင်းချိုချို အေးအေးလေးတွေကို ပရိသတ်တွေရဲ့ ရင်ထဲထိရောက်အောင် သီဆိုနိုင်တာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲ အဆိုတော်မလေးတစ်ဦး ဖြစ်ပါတယ်။သူမရဲ့ ယောကျ်ားဆန်ဆန် ပုံစံလေးကလဲ ပရိသတ်တွေအတွက် တစ်မူထူးခြားလွန်းတာကြောင့် ပိုမိုချစ်ခင်ကြရပြန်ပါတယ်။

ပိုပိုရဲ့ထွက်သမျှ သီချင်းတိုင်းဟာ နာမည်ကြီးကျော်ကြားခဲ့ပြီး ပရိသတ်တွေ စောင့်ကြည့်အားပေးရတဲ့ အဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။နိုင်ငံရေးလှုပ်ရှားမှုကြောင့် တစ်နှစ်ကျော် အင်းစိန်ထောင်မှာ အကျဉ်းချခံခဲ့ရတဲ့ ပိုပိုဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၈)ရက်နေ့မှာတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်နော်။

ဒီကနေ့မှာတော့ ပိုပိုက သူမနဲ့ အင်းစိန်ထောင်မှာ အတူတူနေထိုင် ဖြတ်သန်းခဲ့ကြဖူးတဲ့ ညီမလေး သရုပ်ဆောင် မေတိုးခိုင်နဲ့ ပြန်လည်တွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။ပိုပိုက “အချိန်တစ်ခုမှာ နာကျင်မှုတွေကိုတလှည့်စီ ဖြေဖျောက်ပေးခဲ့တဲ့ မေတ္တာတရားတွေကိုသာ အခြေခံတဲ့ ချစ်ခင်မှုတွေပေးခဲ့တဲ့ အားပေးဖော်အားပေးဖက် ချစ်ညီမလေး ဖူးဖူးနဲ့ ပြန်တွေ့ပြီးအလွမ်းသယ် ” ဆိုပြီးတော့ သူမတို့နှစ်ယောက်ရဲ့အမှတ်တရတွေကို မျှဝေပေးလာခဲ့ပါတယ်။

ပိုပိုက ပြီးခဲ့တဲ့ အောက်တိုဘာလက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာခဲ့ပြီး မေတိုးခိုင်ကတော့ ဧပြီလက လွတ်မြောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ အတူတူရှိခဲ့စဉ်မှာတော့ ပိုပိုနဲ့ မေတိုးခိုင်ကတော့ တစ်ယောက်တစ်လှည့်စီ အားပေးဖော် အားပေးဖက်ဖြစ်ခဲ့ကြတဲ့ မိတ်ဆွေကောင်းတွေပါပဲ။အများကြီး ပင်ပန်းခဲ့ရတဲ့ ပိုပိုတစ်ယောက် ကောင်းကောင်းအနားယူပြီး ပျော်စရာနေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*