ရင်သွေးလေးရဲ့ဖခင်ဆိုသူနဲ့ လမ်းခွဲလိုက်တဲ့ အဓိကအကြောင်းအရင်းကို ပြောပြလာတဲ့ ဖူးပွင့်ခိုင်

ရင်သွေးလေးရဲ့ဖခင်ဆိုသူနဲ့ လမ်းခွဲလိုက်တဲ့ အဓိကအကြောင်းအရင်းကို ပြောပြလာတဲ့ ဖူးပွင့်ခိုင်

ပရိတ်သတ်ကြီးတို့ရေ မော်ဒယ် ဖူးပွင့်ခိုင်ကတော့ ဆက်ဆီဆန်ဆန် အကြမ်းစား ပုံရိပ်တွေကြောင့် ပုရိသတွေရဲ့ အသည်းစွဲအနုပညာရှင် တစ်ဦးဖြစ်သလို မိန်းကလေးချင်းတောင် အားကျရတဲ့ မော်ဒယ်မလေးလည်း ဖြစ်ပါတယ်။ဖူးပွင့်ခိုင်က ဆက်ဆီမော်ဒယ် တစ်ယောက်ဖြစ်သော်လည်း အဖေအိုကြီးနဲ့ မိသားစုကို ပြုစုစောင့်ရှောက်နေရတဲ့ ကျေးဇူးသိတတ်တဲ့ ကောင်မလေး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ဖူးပွင့်ခိုင်ဟာ ရင်သွေးလေးကို မမျှော်လင့်ပဲရရှိခဲ့သလို မထင်ထားဘဲ ပျက်ကျသွားခဲ့တာကြောင့် တော်တော်လေး စိတ်ထိခိုက် ဝမ်းနည်းနေခဲ့ရတာပဲ ဖြစ်ပါတယ်။ယခုအခါမှာလည်း ဖူးပွင့်ခိုင်က “ကျွန်မ ကိုယ်ဝန်ပျက်ကျတာ မဟုပ်ပါဘူး ကိုယ်ဝန် ဖျက်ချတာလည်း မဟုပ်ပါဘူး သားအိမ်လမ်းကြောင်းမှာ ခလေးမတည့်ပဲ ခလေးက သားအိမ်အပြင်ဘက်မှာ ရောက်နေခြင်းဖြစ်ပါတယ်ရှင်

အသိစောလိုပဲဖြစ်ဖြစ် အသိနောက်ကျလို့ပဲဖြစ်ဖြစ် ကျွန်မ ခလေးဟာ ဘယ်လိုနည်းနဲ့မှ အသက်မရှင်ပါဘူး သားအိမ်အပြင်ဘက်မှာ ခလေးတည့်ခြင်းက ခလေးကြီးထွားလာခဲ့ရင် ဗိုက်အတွင်းသားတွင် ခလေးက ပေါက်ထွက်သွားမှာဖြစ်ပါတယ် အသိနောက်ကျခဲ့ရင် မိခင်ဟာ 100% မှာ 80%နူန်းက အသက်ဆုံးရူံးကြတာ များပါတယ်ရှင်

ကျွန်မကိုယ်ဝန်က တာဝန်ယူသူ မရှိဘူးလားလို့မေးကြတဲ့အပေါ်မှာ!!ကျွန်မသည် ကျွန်မကောင်လေးနှင့် နှစ်ဖက်မိဘ သဘောတူလက်ထပ်ဖို့အထိ စီစဉ်ထားကြတဲ့သူတွေပါရှင် မိဘများကလည်း မကြာခင်လက်ထပ်ကြတော့မှာဖြစ်၍ ကလေးယူဖို့ တိုက်တွန်းကြပါတယ်ရှင် ကျွန်မတို့နှစ်ယောက်ဟာ ချစ်ခင်ကြပြီး တစ်ယောက်ကိုတစ်ယောက် မျက်စိအောက်ကတောင်အပျောက်မခံတဲ့ ချစ်သူတွေဖြစ်ကြပါတယ်ရှင်

တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ဂရုစိုက်ဖေးမရင်း ခလေးယူဖို့ထိ ဆုံးဖြက်ခဲ့ကြတဲ့ သူတွေဖြစ်ကြပါတယ် အခြေအနေတခုထိ ရောက်လာခဲ့တော့ ကောင်လေးဘက်က မိန်းမနဲ့ ခလေးရှိခဲ့ကြောင်း တရားဝင်ကွာရှင်းထားတဲ့သူရှိကြောင်း ကျွန်မကို အချိန်တွေလွန်ခဲ့ပြီးမှ ဖွင့်ပြောခဲ့ပါတယ် အချိန်တွေဟာ အရမ်းနောက်ကျခဲ့ပါပြီ ယုံကြည်မူမရှိပဲ ဘယ်လိုလုပ် လက်တွဲကြမလဲဆိုတဲ့စိတ်က ညီမဆီ ဝင်လာပါတယ် အစကတည်းက လက်တွဲခဲ့တုန်းက သူ့ဘက်ကပွင့်ပွင့်လင်းလင်း ပြောပြခဲ့သင့်တယ်ထင်ပါတယ်

ကျွန်မ ဒီအဖြစ်အပျက်ကြီးကို လျော့ရပြီး ကျွန်မလက်မခံပဲ နှစ်ဦးသဘောတူ လမ်းခွဲပျက်စဲခဲ့ပါတယ် လမ်းခွဲပျက်စဲတဲ့ အချိန်မှာလည်း ကောင်းခြင်းနဲ့လမ်းခွဲခဲ့ပါရှင် နားလည်မူနဲ့ လမ်းခွဲခဲ့တာပါရှင် သူ့နဲ့ကိုယ် လက်တွဲခဲ့စဉ်မှာလည်း နှစ်ယောက်လုံးက သစ္စာရှိရှိ လက်တွဲလာခဲ့ကြတာပါ အခုချိန်မှာ ကျွန်မဟာတစ်ယောက်ထဲ ရပ်တည်နေရတဲ့အချိန်မှာ ကျွန်မအလုပ်တွေပဲ ပိုကြိုးစားနေခဲ့မိပါတယ် အလုပ်မှာပဲ အရမ်းအာရုံစိုက်ခဲ့မိပါတယ်

ကျွန်မအဖေဟာ ကျန်းမာရေး လုံးလုံးမကောင်းတဲ့ လေဖြတ်ထားတဲ့ အသက်60ကျော် အဖေအိုကြီးဖြစ်လို့ ကျွန်မ သူကိုကောင်းကောင်းမွန်မွန်လေး တိုက်လေးနဲ့ ထားပေးချင်ခဲ့တာပါ ကျွန်မဟာ မိသားစုထဲမှာ အငယ်ဆုံးဖြစ်ပြီး အဖေ့အတွက် ရတနာကောင်းလေးပါ ကျွန်မ 12နှစ်သမီးအရွယ်ကတည်းက ရရာအလုပ်ကိုလုပ်ပြီး အခုချိန်ထိ အဖေကို ကျွေးမွေးပြုခဲ့တာပါ အဖေဘဝမှာ ညီမပဲရှိတာမို့ သူ့ကိုမြင်ခွင့်ရတုန်းလေး ကျွန်မ ဖြည့်စည်းပေးချင်တာပါ အခုခလေးကိစ္စမှာလည်း ကိုယ်တိုင်ကလည်း ရာသီသွေးမမှန်တဲ့သူမို့ ကျွန််မရဲ့ ပေါ့ဆမူတွေလည်းပါခဲ့ပါတယ်

ခလေးလေးသာ ကျွန်မဘဝထဲ အသက်ရှင်ခဲ့ရင် ကျွန်မ ဘယ်လိုဘဝမျိုးနဲ့မဆို ကျွန်မမွေးနိုင်ပါတယ် ကျွန်မအကောင်းဆုံး ပျိုးထောင်ပေးမှာပါ မိခင်ကောင်းတစ်ယောက်အဖြစ် ကျွန်မပီသစေရမှာပါ ကျွန်မလည်းဖြစ်ဖြစ်ခြင်း တကယ်ကိုလျော့ရခဲ့ပါတယ် အခုထိလညိး ကျွန်မ ဒဏ်ရာတွေဟာ မပျောက်သေးပါဘူး ဖြစ်ဖြစ်ပြီးခြင်းကတည်းက ကျွန််မဟာ အသက်ဆက်ရှင်နေမှန်းတောင် ကျွန်မမသိခဲ့ပါဘူး အရမ်းပင်ပန်းခဲ့ရပါတယ် မိခင်တိုင်းကိုလည်း ကိုယ်ချင်းစာပါတယ်ရှင်

သတင်းကြားကြားခြင်း ကျွန်မသက်ဆိုင်သူဟာ ကျွန်မကို ဖုန်းဆက်လာပါတယ် တာဝန်ယူဖို့လည်းပြောပါတယ်ရှင် ကျွန်မ တစ်ကိုယ်ကောင်းဆန်တဲ့ မိန်းမသားတစ်ယောက် မဟုတ်ပါဘူး အခုချိန်သူ့မှာ သူနဲ့သက်ဆိုင်သူ သူချစ်ရတဲ့ မိန်းခလေးရှိနေပြီမို့ သူ့တာဝန်ယူမူကို ကျွန်မလက်မခံခဲ့ပါဘူး ခလေးကြောင့်မို့ တာဝန်ယူရတာပါဆိုတဲ့ အသနားစာလည်း ကျွန်မ မလိုချင်ပါဘူး ကျွန်မဘဝ ကျွန်မပဲပိုင်တာမို့ မည်သူ့တစ်ဦးတစ်ယောက်ရဲ့ အားနာလို့တာဝန်ယူမူ တာဝန်ခံမူမျိုးလည်း ကျွန်မ မလိုချင်ပါဘူးရှင်

ဒါကြောင့်မို့ ညီမအခုချိန်မှာ ပြိုလဲနေလည်းပဲ ညီမပြန်ရှင်သန်မှာပါ အကောင်းဆုံးရပ်တည်ခြင်းမျိုးနဲ့ အလှအပဆုံးအပြုံးနဲ့ကျွန်မ ပြန်နိုးထလာမှာပါ..🍂ကြွေလွင့်သွားတဲ့ ခလေးလေးရေ နောက်တစ်ခေါက် မေမေ့သမီး/သားလေးအဖြစ် ပြန်လာခဲ့ပါနော် LOVE YOU MY BABY👼❤️‍🩹ကျေးဇူးပါရှင်🙏ပြောမှားဆိုမှားရှိခဲ့ရင် ခွင့်လွတ်ပါရှင်”ဆိုပြီးရေးသားလာခဲ့တာပါ။ဘာပဲဖြစ်ဖြစ် ဖူးပွင့်ခိုင်တစ်ယောက် နေကောင်းကျန်းမာပြီး အမြန်ဆုံး ပြန်လည်တည့်မတ်နိုင်စေဖို့ အားပေးနေပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*