ငွေဆောင်ကမ်းခြေမှာ နုပျိုလန်းဆန်းစွာနဲ့ အနားယူအပန်းဖြေနေတဲ့ အကယ်ဒမီများရှင် ဒေါ်ဝါဝါဝင်းရွှေ

ငွေဆောင်ကမ်းခြေမှာ နုပျိုလန်းဆန်းစွာနဲ့ အနားယူအပန်းဖြေနေတဲ့ အကယ်ဒမီများရှင် ဒေါ်ဝါဝါဝင်းရွှေ

ပရိသတ်ကြီးရေ ထပ်ဆင့်အကယ်ဒမီ မင်းသမီးကြီး ဝါဝါဝင်းရွှေကတော့ တစ်ခေတ်တစ်ခါက မြန်မာနိုင်ငံရဲ့ အနုပညာလောကတွင် ထိပ်တန်းမင်းသမီးတစ်လက်အနေနဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိခဲ့တဲ့ သူတစ်ယောက်ပါ။

လက်ရှိမှာတော့ ဒါရိုက်တာ ရုပ်ရှင်ထုတ်လုပ်သူ တစ်ယောက်အနေနဲ့ အနုပညာလောကမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။တစ်နိုင်ငံလုံးက ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောကြီး ဝါဝါဝင်းရွှေကတော့ သူမရဲ့ အောင်မြင်မှုကို လက်ရှိ အသက် ခုနှစ်ဆယ်ကျော်အထိ ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။

ဝါဝါဝင်းရွှေဟာ တချိန်ကတော့ မင်းသမီး၊ ဒါရိုက်တာတစ်ယောက်အဖြစ် အနုပညာလောကထဲမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပေမယ့် လက်ရှိ အသက်အရွယ်မှာတော့ အနုပညာအလုပ်တွေကို တော်တော်လေးလျှော့ချခဲ့ပြီပဲ ဖြစ်ပါတယ်။

ယခုအခါမှာတော့ မင်းသမီးကြီး ဝါဝါဝင်းရွှေဟာ သူမရဲ့မိသားစုဝင်တွေနဲ့အတူတူ ငွေဆောင်ကမ်းခြေကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ ဝါဝါဝင်းရွှေဟာ ကမ်းခြေကို အပန်းဖြေခရီးထွက်လာချိန်မှာ သူမရဲ့ အသက်အရွယ် ကိန်းဂဏန်းကို မေ့ထားပြီး အနားယူအပန်းဖြေနေတာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။

ပရိသတ်ကြီးအတွက် ဝါဝါဝင်းရွှေရဲ့ ခရီးသွားအမှတ်တရပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။ဝါဝါဝင်းရွှေကတော့ မိသားစုတွေနဲ့ ပျော်ရွှင်စရာအချိန်တွေကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အကယ်ဒမီများရှင် မင်းသမီးကြီး ဝါဝါဝင်းရွှေရဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး သဘောကျနေကြမယ်လို့ ထင်ပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*