အဆီပိုမရှိ ကျစ်လျစ်သွယ်လျလွန်းတဲ့ ခန္ဓာကိုယ်လေးကို ပြသလာခဲ့တဲ့ ဝတ်မှုံရွှေရည်
နိုင်ငံကျော် အကယ်ဒမီ၊သရုပ်ဆောင် ဝတ်မှုံရွှေရည်ကတော့ ကြော်ငြာသရုပ်ဆောင် တစ်ယောက်အဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို ရရှိလာခဲ့တာပဲ ဖြစ်ပါတယ်။
ဝတ်မှုံရွှေရည်ဟာ အကယ်ဒမီဆုတွေများစွာကို ရရှိပိုင်ဆိုင်ခဲ့ပြီးနောက် လတ်တလောမှာတော့ ဇာတ်ကားရိုက်ကူးမှုတွေ ရပ်နားထားပြီး ကိုယ်ပိုင်အလုပ်တွေကို အချိန်ပေး လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။
ယခုအခါမှာတော့ ဝတ်မှုံရွှေရည်က အမျိုးသမီးများအပေါ် အ ကြမ်းဖက်မှုပပျောက်ရေးနေ့ – International Day forthe Elimination of Violence AgainstWomen နေ့ အထိမ်းအမှတ်အဖြစ် သူမရဲ့ဓာတ်ပုံလေးတွေကို မျှဝေလာခဲ့ပါတယ်။
ဝတ်မှုံရွှေရည်က ကမ်းခြေမှာ အားကစားဝတ်စုံလေးဝတ်ပြီး သူမရဲ့ အဆီပိုမရှိကျစ်လျစ်သွယ်လျတဲ့ ခန္ဓာကိုယ်လေးကို ပရိသတ်တွေဆီ ပြသလာခဲ့တာပဲ ဖြစ်ပါတယ်။
ဝတ်မှုံရွှေရည်ကတော့ အသက်သုံးဆယ်ကျော် အမျိုးသမီးတစ်ယောက် ဖြစ်နေပြီဆိုပေမယ့် လူငယ်လေးတစ်ယောက်လို နုပျိုလန်းဆန်းနေဆဲပါပဲ။ ပရိသတ်ကြီးတို့လည်း ဝတ်မှုံရွှေရည်ရဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး သဘောကျနေကြမယ်လို့ ထင်ပါတယ်နော်။
Be the first to comment