တန်ဖိုးကြီး စိန်လော့ကတ်ကြီးနဲ့ ဝိုင်းစုခိုင်သိန်းရဲ့မေမေကို ကျေးဇူးဆပ်နိုင်ခဲ့လို့ ပီတိဖြစ်နေတဲ့ နှိုင်းယှဉ်မြင့်မိုရ်
ပရိသတ်ကြီးရေ နှိုင်းယှဉ်မြင့်မိုရ်ကတော့ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေ ချစ်ခင်ရတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ နှိုင်းယှဉ်မြင့်မိုရ်ကတော့ လက်ရှိမှာတော့ ဝါသနာပါတဲ့ အနုပညာအလုပ်တွေအားလုံးကို ရပ်နားထားပြီး Live Sale တွေကိုရောင်းချပေးရာမှာ ဘုရင်မတစ်ဆူလို အောင်မြင်မှုတွေရရှိနေခဲ့တာ ပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာပါနော်။
အနုပညာအလုပ်တွေ ရပ်နားခဲ့ရာကနေ Live Saleရောင်းတဲ့ အလုပ်ကို စတင်လုပ်ကိုင်ခဲ့ပေမဲ့ သူ့ရဲ့ မထင်မှတ်ထားလောက်တဲ့ အရည်အချင်းတွေကြောင့် Live Saleရောင်းချပေးရာမှာ သူမတူအောင် အောင်မြင်ခဲ့တာဆိုရင်လည်း မမှားပါဘူးနော်။
ဒီကနေ့မှာတော့ နှိုင်းယှဉ်မြင့်မိုရ်က သူမအပေါ် ကျေးဇူးရှိခဲ့ဖူးတဲ့ ဝိုင်းစုခိုင်သိန်းရဲ့ မေမေကို ကျေးဇူးဆပ်နိုင်ခဲ့တဲ့အကြောင်း အခုလိုပဲ ပြောလာပါတယ်။နှိုင်းယှဉ်မြင့်မိုရ်က “သမီး ဖြတ်လျှောက်ဘဝမှာကတည်းက သမီးအပေါ်မှာ အရမ်းကောင်း အရမ်းပေးကမ်းခဲ့တဲ့ မေကြီးနဲ့ ဝိုင်းစုကို သမီးကျေးဇူးဆပ်ခွင့်ရလို့ သမီး အရမ်းပီတိဖြစ်ရပါတယ်🙏🙏🙏
သမီးကန်တော့ချင်နေမှန်းသိတော့ မမနီလာကလည်း အများကြီးလျှော့ပေးလိုက်တယ်🙏” ဆိုပြီးတော့ လူမှုကွန်ယက် စာမျက်နှာကနေပြီး သူမရဲ့ပီတိလေးကို မျှဝေပေးလာခဲ့ပါတယ်။နှိုင်းယှဉ်မြင့်မိုရ်ကတော့ သူမအပေါ် အရင်ကတည်းက ကျေးဇူးရှိခဲ့ဖူးတဲ့ ဝိုင်းစုခိုင်သိန်းရဲ့ မေမေအတွက် အဖိုးတန်စိန်လော့ကတ်ကြီးနဲ့ ကန်တော့ခဲ့တာပဲ ဖြစ်ပါတယ်။ ကျေးဇူးသိတတ်တဲ့ နှိုင်းယှဉ်တစ်ယောက် ဒီထက်မက အောင်မြင်မှုတွေရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Be the first to comment