အိမ်မှာရေချိုးပြီးရင် အသားကုန်ယားလို့ တရားခံရှာလိုက်တဲ့အခါ

အိမ်မှာရေချိုးပြီးရင် အသားကုန်ယားလို့ တရားခံရှာလိုက်တဲ့အခါ

အိမ်မှာရေချိုးပြီးရင်ယားပြီ အိပ်ဖို့ကုတင်ပေါ်မှာခဏလေးလှဲလိုက်တာနဲ့ အသားကုန်ယားလို့ တရားခံရှာတာ ခိုသန်းတွေသွားတွေ့တယ် အဲ့ကောင်တွေကိုရှင်းတာ ခြင်ဆေးတွေလည်းတံဆိပ်စုံနေပြီဖြန်းတာ ဖြန်းတုန်းခဏပဲပြီးရင်ပြန်ယားပြီ နောက်ဆုံးအပြင်းစားပိုးသတ်ဆေးတစ်မျိုးပဲဖြန်းဖို့ကျန်တော့တယ် အဲ့ဆေးလည်းမဖြန်းချင်လို့ Google မှာစာဝင်ဖတ်ကြည့်တာ အဲ့ကောင်တွေက Alcohol တို့ Ethanol တို့တောင် 75% ပြင်းအားရှိမှသေတယ်တဲ့ ဒီနေ့တော့အဲ့ကောင်တွေကို ဘယ်လိုမှသည်းမခံနိူင်တော့လို့ Methyl Ethanol 99% ကို ရေမွှေးအဆီ နည်းနည်းရောပြီး ဖြန်းချလိုက်တာ အဲ့ကောင်တွေထိတာနဲ့ရှောပဲ ခိုသန်းတွေခုန်တာဘယ်လောက်ဝေးဝေးရောက်လည်းဆိုရင် မွေ့ယာကိုနံရံနဲ့ တစ်ပေကျော်ခွာပြီးထောင်ထားတာတောင် မွေ့ယာကနေ နံရံကိုရောက်အောင်ခုန်တယ် ကိုယ်ပေါ်လည်းခုန်တက်ပြီး အပီကိုက်တာဆိုတာ ခိုသန်းထူးခြားချက်က မျက်စိနဲ့သေချာကြည့်မှမြင်ရတယ်

အကောင်အရမ်းသေးတယ် အရောင်ကအဖြူရောင်လေး အဲ့ကောင် လူကိုကိုက်ထားပြီးရင်ဘယ်လောက်မြဲလည်းဆို Hand Spray တွေ Hand Gel တွေနဲ့ လက်ကိုအသားကုန်ပွတ်လည်းမကွာဘူး ဆပ်ပြာနဲ့ရေချိုးချတောင်မကွာကျဘူး အဲ့ကောင်ကွာကျချင်ရင် ကိုက်ထားလို့အဖုထွက်နေတဲ့နေရာကို Calamine တို့ Mezincal တို့နဲ့ပွတ်ချမှ ကွာကျတယ် ရေလည်ကြောက်ဖို့ကောင်းတယ် အိမ်နားမှာခိုစာကျွေးတဲ့နေရာရှိတာတို့ ဝရံတာမှာခိုအသိုက်လာဆောက်တာတို့ဆိုသတိသာထားတော့

ခိုတွေမှာသန်းရှိတယ် အဲ့သန်းကအရမ်းဆိုးတယ် ခိုသန်းကိုက်ခံရပြီဆိုမခံနိုင်အောင်ယားတယ် ရုတ်တရက်ကြည့်ရင် ပုရွတ်ဆိတ်ကိုက်သလိုလို ဓာတ်မတည့်ရင်ဖြစ်သလိုလို အရေပြားမှာအနီစက်တွေအဖုတွေထွက်လာတယ် အဲ့လိုဖြစ်ပြီဆို အိမ်မှာကလေးရှိရင်ကလေးတွေအိမ်အပြင်ခဏထွက်ခိုင်းပြီး Alcohol 99% ကို Spray ဗူးထဲထည့်ပြီး တစ်အိမ်လုံးဗျင်းပေတော့ အဲ့ကောင်တွေကရမ်းလည်တယ် ခုန်တာအရမ်းမြန်တယ် မျက်စိနဲ့မြင်ဖို့မလွယ်ဘူး

သူ့အရေခွံကရမ်းထူတယ်မာလည်းမာတယ် တော်ရုံဆေးနဲ့ဖြန်းလည်းမသေဘူး ခိုသန်းမြင်ဖူးတယ်ရှိအောင်ပြမယ် သေချာကြည့်ကြ မူရင်းပို့စ်တင်သူကို လေးစားစွာ Credit ပေးပါသည်။

Be the first to comment

Leave a comment

Your email address will not be published.


*