နောက်ကနေ အမြဲကူညီပေးနေတဲ့ team memberတွေအတွက် ပျော်စရာSurprise တိုက်လိုက်တဲ့ ပိုင်တံခွန်
ပရိသတ်ကြီးတို့ရေ အနုပညာလောကရဲ့ ရုပ်ချောသဘောကောင်းတဲ့ မင်းသားချောတွေထဲမှာ မော်ဒယ်လ်သရုပ်ဆောင် ပိုင်တံခွန်က ထိပ်ဆုံးက ပါဝင်ပါတယ်။
အနုပညာလောကမှာ များစွာသောပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ ပိုင်တံခွန်အနေနဲ့ လက်တလော အနုပညာလှုပ်ရှားမှုများအဖြစ် ကြော်ငြာ၊ပွဲတက်စတဲ့ အလုပ်လေးတွေကို လုပ်ကိုင်နေပြီး တချို့ပရိသတ်တွေရဲ့ဝေဖန်မှုများစွာကိုလည်း ရင်ဆိုင်နေရသလို ခက်ခဲတဲ့ အချိန်တစ်ခုကို ဖြတ်သန်းနေရတာလည်း ဖြစ်ပါတယ်။
ပရိသတ်တွေနဲ့တွေ့တိုင်း ချစ်စရာ့အပြုံးလေးများနဲ့ ရင်းရင်းနှီးနှီး နှုတ်ဆက်တက်သလို အနုပညာလုပ်ငန်းခွင်မှာ အရာရာအဆင်ပြေစေဖို့တွက် နောက်ကွယ်ကနေ ကူညီပေးနေကြတဲ့ team member တွေကိုလည်း ဂရုစိုက်ကြည့်ပေးတက်သူလည်း ဖြစ်ပါတယ်။အခုလည်း သူရဲ့ team member တွေအတွက် ပျော်ရွှင်စရာ surprise အစီအစဉ်လေးတစ်ခုနဲ့ သူတို့ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုက်ပုံက လုံးဝ Amazingပါ။
“ကျွန်တော်တို့တွေ အပြင်မှာသာ ကူညီတာတွေ၊ အလှူတွေ လုပ်ဖြစ်နေကြပေမယ့် ကိုယ့်အနီးကလူတွေကို ဂရုစိုက်ဖို့ သူတို့လိုတာလေးတွေကို ကူညီဖြည့်ဆည်းပေးဖို့ မေ့နေတတ်ကြပါတယ်။ကျွန်တော်ကိုယ်တိုင်လည်း အဲဒါလေး သတိထားမိလို့ ကျွန်တော့်ကို အမြဲကူညီပေးနေတဲ့ team member တွေအတွက် surprise အစီအစဥ်လေးတစ်ခု လုပ်ပေးဖြစ်လိုက်တယ်။
ဘာပေးရမလဲ၊ ဘယ်လိုပျော်အောင် လုပ်ပေးရမလဲ စဥ်းစားရင်းနဲ့ သူတို့တော်တော်များများဆီက ခဏခဏကြားရတဲ့ “ဖုန်းဘက်ထရီက မခံတော့ဘူး design လှတဲ့ ဖုန်းလေးတစ်လုံးတော့ လဲချင်တယ်” ဆိုတာလေး ပြန်သတိရသွားလို့ ဖုန်းလေးပေးရင် သူတို့ပျော်သွားလောက်တယ်ဆိုပြီး Samsung A04e လေးကို surprise အနေနဲ့ ပေးလိုက်တော့ သူတို့တကယ် အရမ်းပျော်သွားကြတယ်။
ဒီလိုလေးတွေ မြင်ရတော့ ကျွန်တော်လည်း ကြည်နူးရတယ်။ surprise အနေနဲ့ ပေးတဲ့အချိန်မှာ အားလုံးအမှတ်တရဖြစ်အောင် ဓာတ်ပုံလေးတွေ အမိအရရိုက်ထားလိုက်တယ်။ပရိတ်သတ်တွေလည်း သူတို့ဆီက အပျော်တွေကူးစက်အောင် ပုံလေးတွေ ဆက်ကြည့်ကြည့်ပါဦးနော်🖤”ဆိုပြီး မော်ဒယ်လ်၊မင်းသားချော ပိုင်တံခွန်က လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မျှဝေထားတာကြောင့်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်။
Be the first to comment