သမီးကြီးပေါ်ရှာရဲ့အိမ်ထောင်ရေးအတွက် စိတ်ပူနေတဲ့ စမိုင်းလ်
ပရိသတ်ကြီးတို့ရေ သရုပ်ဆောင် စမိုင်းလ်ကိုတော့ အားလုံးသိကြလိမ့်မယ်လို့ ထင်ပါတယ်နော်။အခုတစ်ခါမှာဆိုရင်တော့ သရုပ်ဆောင် စမိုင်းလ်က အိမ်ထောင်ပြုတယ်ဆိုတာ ထီထိုးသလိုပဲမို့ သမီးကြီး Portia အတွက် စိတ်ပူနေတဲ့အကြောင်းကို အခုလိုပဲပြောပြလာခဲ့ပါတယ်နော်။
သရုပ်ဆောင် စမိုင်းလ်က “အိမ်ထောင်ပြုတယ်ဆိုတာ ထီထိုးသလိုပါပဲ ယောက်ျားတစ်ယောက်က ဘယ်လောက်ပဲ ကောင်းနေပါစေ ကိုယ့်လက်ထဲရောက်မှ ဆိုးသွားတာလဲ ရှိတယ်၊ ယောက်ျားတွေက ချမ်းသာတဲ့ဒဏ်ကို မခံနိုင်ကြဘူး၊ ငွေကြေး အဆင်ပြေလာပြီဆိုရင် အဖျက်တွေ အများကြီး ရှိလာနိုင်တယ်၊
အခုအချိန်အထိတော့ အိမ်ထောင်ရေး ကံကောင်းနေသေးတယ်လို့ ယူဆပါတယ်၊ သမီးကြီး Portiaကို ချဉ်းကပ်တဲ့သူတွေ အများကြီး ရှိလာတယ် သူ့ဆီလာတဲ့သူတွေက သူ့ကို တကယ် ချစ်လို့ လာတာလား၊
မိဘကြောင့် လာတာလား၊ စည်းစိမ်ကြောင့် လာတာလားဆိုတာ ခွဲခွဲခြားခြား သိအောင် သင်ပေးထားတယ် သမီးက Smart ဖြစ်တော့ ဘယ်လိုလူနဲ့ ပေါင်းသင်းဆက်ဆံရမလဲဆိုတာ နားလည်တယ် သမီးလေးတွေကိုလဲ အိမ်ထောင်ရေးနဲ့ပတ်သတ်ပြီးတော့ စိတ်ပူတယ်”ဆိုပြီးတော့ ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။
Be the first to comment