တိုက်ခန်းရောင်းခဲ့ရတဲ့ပြင် လက်ဆောင်ရထားတဲ့ ဂစ်တာလေးပါ ပြန်တောင်းခံခဲ့ရ​လို့ စိတ်မကောင်းဖြစ်နေတဲ့ နေလင်းကျေ

အမွေရထားတဲ့ တိုက်ခန်းရောင်းခဲ့ရတဲ့ပြင်လက်ဆောင်ရထားတဲ့ ဂစ်တာလေးပါ ပြန်တောင်းခံခဲ့ရ​လို့ စိတ်မကောင်းဖြစ်နေတဲ့ နေလင်းကျော်

ပရိသတ်ကြီးတို့ရေ အဆိုတော် နေလင်းကျော်ဟာ သူ့ရဲ့လူမှုရေးပြသနာတွေကြောင့် ပရိသတ်ကြီးနဲ့ဝေးကွာခဲ့တာ ကာလကြာမြင့်နေပြီပဲ ဖြစ်ပါတယ်။တရားရုံးအမှုအခင်းတွေနဲ့လည်း ရင်ဆိုင်ခဲ့ရသေးတဲ့ နေလင်းကျော်က သူ့အနေနဲ့ မိဘကဝယ်ပေးထားတဲ့ တိုက်ခန်းလေးတောင် ရောင်းချလိုက်ရလို့ မရှိတော့ဘူးဆိုတဲ့အကြောင်းကို ရင်ဖွင့်လာပါတယ်။

နေလင်းကျော်က “လွန်ခဲ့တဲ့ ၃ နှစ်လောက်က လက်ဆောင်ပေးထားတဲ့ ဂစ်တာလေး လက်ဆောင်ပေးထားတဲ့ မိတ်ဆွေက ပြန်လိုချင်လို့ပြန်ပေးလိုက်တယ်။တန်ဖိုးတော့ ဘာမှမရှိပေမယ့် ဂစ်တာကိုမြတ်နိုးတဲ့ ကျွန်တော့အတွက်တကယ်လဲ စိတ်မကောင်းဖြစ်မိပါတယ်။

နောက်တစ်ခုကတော့ အပါးတို့ အမိုးပေးထားတဲ့ ကာလပေါက်ဈေး ၅၀၀ ဝန်းကျင်တိုက်ခန်းလေး အမှုကိစ္စတွေဖြစ်တော့ ရောင်းပြီးဖြေရှင်းခဲ့ရတယ်။ တခါတလေတော့လဲ စဉ်းစားမိတယ် ဘုမသိဘမသိ ဒုက္ခတွင်းထဲရောက်ခဲ့ရတဲ့အချိန်မှတောင် အကောင်းဆုံးရှင်သန်နေထိုင်ပြီး အတွေ့အကြုံပေါင်းများစွာနဲ့ ဖြတ်ကျော်လာနိုင်ခဲ့တာ အခုချိန်ထိလဲ အကောင်းဆုံးပုံစံနဲ့ အပြုံးမပျက်ရှင်သန်နေထိုင်နိုင်တာ ဘုရားကျေးဇူးပါဘဲ

ဒီထက်ပိုပြီးဘုရားကောင်းချီးပေးမယ်လို့ ကျွန်တော်ယုံကြည်တယ် ဒီထက်ပိုပြီးအကောင်းဆုံးဖြစ်စေမယ့်အရာတွေ သူဘဲဖန်တီးပေးခဲ့တာ အခုချိန်ထိမို့ God Bless U All2 Z ”ဆိုပြီး ရေးသားလာခဲ့တာပဲ ဖြစ်ပါတယ်။နေလင်းကျော်ကတော့ ပြီးခဲ့တဲ့နှစ်တွေမှာ ဆန့်ကျင့်တဲ့ ကာမဆက်ယှက်မှု ပုဒ်မ၃၇၇ဖြင့် တရားစွဲဆိုခံခဲ့ရတာဖြစ်ပြီး အမှုအခင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတာပဲ ဖြစ်ပါတယ်။

အဲ့လို အခက်အခဲတွေကြောင့်လည်း နေလင်းကျော်ဟာ အမှုရင်ဆိုင်ဖြေရှင်းနိုင်ဖို့ မိဘက ဝယ်ပေးထားတဲ့ တိုက်ခန်းကို ရောင်းချအသုံးပြုပြီး ဖြေရှင်းခဲ့ရတာပဲဖြစ်ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*