ခွဲစိတ်ကုသမှုခံယူဖို့ ဆေးရုံတက်နေရတဲ့ သရုပ်ဆောင် ခင်လွှမ်း
ပရိသတ်ကြီးတို့ရေ သရုပ်ဆောင် ခင်လွှမ်းကတော့ မော်ဒယ်လ်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပေမယ့် နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ခင်လွှမ်းက သူမရဲ့ခင်ပွန်း စည်ဖြိုးနဲ့တူတူ မိသားစုကို အချိန်ပေးနေရတာမို့ ဇာတ်ကားတွေမရိုက်ကူးဖြစ်သေးတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့မှာတော့ ခင်လွှမ်းက သူမရဲ့ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတက်ခွဲစိတ်ကုသမှုခံယူရမယ့်အကြောင်း ပြောလာပါတယ်။
ခင်လွှမ်းက “ဒီနေ့ operation ဝင်ရတော့မှာပါ 🙏 နောက်ရက်မှ အာသီးဖြတ်တာနဲ့ ပတ်သက်ပြီး review လေး တင်ပေးပါမယ်ရှင် ခုတော့ဆေးရုံရောက်နေပါပြီ Grand Hantha International Hospital မှာပါ
နောက်လထဲ စည်းလုံချည်နဲ့ ချိတ် live တွေကို အပတ်စဉ် အင်္ဂါနဲ့ သောကြာ တစ်ပတ်ကို ၂ရက် ညနေ ၇နာရီခွဲမှာ တစ်လှည့်စီ ရောင်းချပေးသွားပါ့မယ်ရှင်🥰. ခုတော့ခွဲဖို့ အားယူလိုက်ပါအုံးမယ်ရှင် . ဆုတောင်းပေးကြပါအုံး အသဲတို့ 🥰🙏🥰” ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားလာခဲ့တာပဲ ဖြစ်ပါတယ်။
ခင်လွှမ်းကတော့ ပြီးခဲ့တဲ့ရက်တွေကလည်း ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံဆေးခန်းတွေ မကြာခဏဆိုသလို တက်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ ခွဲစိတ်မှုမှာလည်း ခင်လွှမ်းတစ်ယောက် အဆင်ပြေချောမွေ့စွာနဲ့ ကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Be the first to comment