ခြိမ့်ခြိမ့်သည်းကျင်းပခဲ့တဲ့ ကြည်နူးစရာ အလှူပုံရိပ်တွေကို မျှဝေပေးလာတဲ့ သရုပ်ဆောင် ရွှေမှုံရတီ

ခြိမ့်ခြိမ့်သည်းကျင်းပခဲ့တဲ့ ကြည်နူးစရာ အလှူပုံရိပ်တွေကို မျှဝေပေးလာတဲ့ သရုပ်ဆောင် ရွှေမှုံရတီ

ပရိသတ်ကြီးရေ ရွှေမှုံရတီကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။

အဆိုတော်ရွှေထူးနဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ သီချင်းတွေကိုပါ သီဆိုကာ အဆိုတော်တစ်ယောက်အဖြစ်နဲ့ပါ အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့ပါသေးတယ်။

မနေ့က နိုဝင်ဘာလ (၂၈)ရက်နေ့မှာတော့ ရွှေမှုံရတီက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ခင်ပွန်းဖြစ်သူ ရွှေထူးရယ် သူ့ရဲ့မိသားစုတွေနဲ့ မိသားစုဆုံလင်စွာ အလှူလေးပြုလုပ်ခဲ့တဲ့ ပုံရိပ်လေးတွေကို မျှဝေဖော်ပြလာခဲ့ပါတယ်။

“ရွေကျောင်းကုန်း မိသားစုရှင်ပြုအလှူ🤍🤍🙏🏻🙏🏻🙏🏻အလှူနေ့ကပုံလေး” ဆိုပြီး အလှူမှတ်တမ်းပုံတွေနဲ့အတူ ရေးသားမျှဝေထားတာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ။ဒီထက်မက လှူဒါန်းနိုင်ပါစေ ရွှေမှုံလေးရေ။

Be the first to comment

Leave a comment

Your email address will not be published.


*