ရွှေဝယ်ဆိုရင် သတိထားရမဲ့ ဇွဲထက်ရွှေဆိုင်(ကိုယ်တွေ့ခံလိုက်ရလို့ ပြန်မျှဝေပေးတာပါ)

ရွှေဝယ်ဆိုရင် သတိထားရမဲ့ ဇွဲထက်ရွှေဆိုင်(ကိုယ်တွေ့ခံလိုက်ရလို့ ပြန်မျှဝေပေးတာပါ)

ဇွဲထက်မှာ ရွှေဝယ်ဆိုရင် သတိထားကြပါ ကိုယ်တွေ့ ခံလိုက်ရလို့ မျှဝေပေးတာပါ။ဇွဲထက် လုပ်ချက်နဲ့လူအများ ထပ်ပြီး မနှစ်နာစေချင်လို့ပါ ဖြစ်ရပ်က ဒီလိုပါ။10လပိုင်း 22ရက်ပိုင်းမှာ မြန်မာငွေရှုပ်ရှုပ်ဖြစ်တဲ့အချိန် လက်ထဲပိုက်ဆံမနစ်နာရအောင် သူငယ်ချင်းနဲ့အတူ ဇွဲထက်သွားပြီး အခေါက်ရွှေ သွားဝယ်ဖို့သွားခဲ့တာ

အခေါက်ရွှေအရောင်း အကုန်ပိတ်ထားလို့ ၁၅ပဲရည်ထဲက ရွှေဈေး(၂၄၄၇၀၅၉) အလျော့တွက်နည်းတာထဲက ယူမယ်ဆိုပြီး ဝန်ထမ်းကနေ ပွတ်လုံးလက်ကောက်ပြပေးခဲ့တာ ဘောင်ချာဖွင့်ပြီး အလျော့တွက်မှာ ၅ပဲနဲ့ဆိုတော့ သူငယ်ချင်းနှစ်ယောက် နားမလည်တာနဲ့ သေချာပြန်မေးတော့ အရောင်းဝန်ထမ်းကပြောတာ အခုရွှေဈေး အတတ်အကျမြန်နေလို့ ဘောင်ချာထဲအလျော့အတွက် ၅ပဲနဲ့ ဖြတ်ထားပေးတာတဲ့။

ပြန်လာရောင်းတဲ့ခါကျရင် လျော့တွက် ၄ပဲ ၄ရွေးထပ်ပေါင်းပေးတယ်တဲ့ ကိုယ့်အနေနဲ့ကပြန်ရောင်းချိန် ပြန်ပေါင်းပေးရင်း ပြီးရောဆိုပြီး ဝယ်ပြီးပြန်သွားတယ်။အိမ်ရောက်ပြီး ညမှာ ကိုယ့်အမျိုးသားကို ပြန်ပြောပြလိုက်တော့ ဆိုင်ကလုပ်ကွက်နဲ့မိပြီတဲ့ နက်ဖြန်တခြားအလုပ်နောက်မှထား ရွှေအရင် ပြန်သွားရောင်းလိုက် ဆိုလို့ 23ရက်နေ့ မနက်ပိုင်းမှာ သွားရောင်းတော့အလျော့တွက်က ပြန်မပေါင်းပေးဘူးတဲ့။မနေ့က ပြောတာက မနေ့ကဝယ်ပြီး ချက်ချင်းပြန်လာရောင်းရင် ပေါင်းပေးတယ်တဲ့။

အဓိပ္ပါယ်မရှိတဲ့ စကားတွေပြောလာတာ အခုဝယ် အခုချက်ချင်း လက်ခအရှုံးခံပြီး ဝယ်ရအောင် လူကအားယားနေတာမှ မဟုတ်တာလို့ ဝန်ထမ်းကိုသေချာပြောပြီး မန်နေဂျာနဲ့သေချာ ပြန်ပြောပေးလို့ ပြောတာကိုလည်း ခဏစောင့်ဆိုပြီး ပြန်ထွက်လာတော့လည်း မပေါင်းပေးဘူးတဲ့။အဲ့ဆို တကွင်းကို ဘယ်လောက်ရှုံးမှာလဲ တွက်ခိုင်းတော့ တကွင်းကို 765000 x 4 =3060000 သိန်း၃၀ကျော် ရှုံးမှာတဲ့။အဲ့လိုနဲ့ စိတ်ဆိုးပြီး မရောင်းဘဲ ပြန်သွားခဲ့တယ်။

ဒီကြားထဲ တခြားရွှေဆိုင်မှာ သွားရောင်းဖို့ပြမှ သိခဲ့ရတယ် ပုံမှန်အလျော့တွက်က ၁ ပဲကျော်လေးပဲ ဒီကြားထဲတခြားရွှေဆိုင်မှာ သွားရောင်းဖို့ပြမှ သိခဲ့ရတယ် ပုံမှန် အလျော့တွက်က ၁ပဲကျော်လေးပဲရှိတာ။ဇွဲထက်က အလျော့အတွက်ကို ၅ပဲနဲ့ လှည့်ကွက်လုပ်တာ ခံလိုက်ရတယ် စကားကိုလည်း အခုတမျိုး နောက်တမျိုး ပြောနေတာ။

လက်ထဲထားပြီး စိတ်ရှုပ်လို့ ဒီနေ့ဘယ်လောက်ရရ အရှုံးခံပြီး သွားရောင်းမယ်ဆိုပြီး သွားခဲ့တော့ ရွှေဈေး(၂၅၀၁၅၀၀) အလျော့တွက်ကို ၄ပဲပြန်ပေါင်းပေးမယ်တဲ့ဆိုပြီး တွက်ခိုင်းလိုက်တော့ 10514000ကျပ် ရမှာဆိုတော့ ကျွန်တော်အနေနဲ့ ၂၂သိန်းကျော် ရှုံးနေသေးတယ်ဆိုတော့ ဘယ်နေရာလွှဲနေတာလဲဆိုပြီး ပြန်သေချာကြည်တော့ ရွှေဈေးက (၂၄၄၇၀၅၉)ကနေ (၂၅၀၁၅ဝဝ)ဆိုရင် ရွှေဈေးမှာကိုက မြတ်ဦးမှာ နစ်နာစရာအကြောင်း မရှိဘူးပေါ့။

တခြားဘယ်မှာထပ်လွှဲနေတာလဲ မေးတော့မှသိတာ ၄ပဲ ပေါင်းပေးတယ်ဆိုတာ လက်ကောက်၄ကွင်းကို တကွင်းမှ ၁ပဲပေါင်းပေးတာ ၄ကွင်းဆိုတော့ ၄ပဲတဲ့။လူတိုင်း သိနေကြတယ်။အလျော့တွက်ဆိုတာက တခုချင်းဆီရဲ့ အလျော့အတွက် ပြန်ပေါင်းပေးချိန်ကျမှ ပြောတော့ ၄ပဲပေါင်းပေးမယ်ဆိုပြီး နောက်ဆုံးသူတို့က စုစုပေါင်း အလျော့တွက်ရဲ့ ၄ပဲကိုပဲ ပေါင်းပေးတာ။

ကျွန်နော်အနေနဲ့ နဂိုပေါင်းပေးမယ် ပြောထားတာက ၄ပဲ ၄ရွှေးလို့ပြောတာ ၄ပဲထားပါဦး ၄ကွင်းဆိုတော ၁၆ပဲ ပေါင်းပေးရမှာကို ၄ပဲပေါင်းပေးတယ်ဆိုတော့ ၁၂ပဲ(၂၂သိန်းကျော်) ရှုံးသွားပါတယ်။ဇွဲထက်ရဲ့ ဒီလိုလှည့်ကွက်နဲ့ ခံရသူနည်းမှာမဟုတ်ပါဘူး။အများစုက ဒီအတိုင်း ငြိမ်ခံနေကြတာ ကျွန်တော်အနေနဲ့ဆို သူတို့ အခုတမျိုး နောက်တမျိုး ပြောဆိုလုပ်ဆောင်နေတာကို ငြိမ်ခံမနေနိုင်လို့ အခုလို မျှဝေပေးလိုက်တာပါ။

ဇွဲထက်ဆိုင်ကိုလည်း ကျွန်တော် ပြောခဲ့တယ် FBပေါ်တင်မယ်ဆိုတဲ့အကြောင်း သူတို့က တင်ပါတဲ့ရပါတယ်တဲ့။ဇွဲထက်ဆိုတာက လမ်းဘေးဆိုင် မဟုတ်ပါဘူး။ရွှေဈေးကျလို့ ကိုယ်ရှုံးတယ်ဆိုတာနဲ့ ပုံမှန်လက်ခ အလျော့တွက် ဆုံးရှုံးတယ်ဆိုတာက လူတိုင်းလက်ခံနေပါတယ်။ဒီလိုမတရား လုပ်တာကိုတော့မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။စာဖတ်ပရိသတ်ကြီးတို့လည်း ဝေဖန် သုံးသပ်ပေးကြပါဦးနော်။

Be the first to comment

Leave a comment

Your email address will not be published.


*