အိမ်မှာခွေးမွေးထားပါက သိထားသင့်သောနိမိတ်များအကြောင်း ….

အိမ်မှာခွေးမွေးထားပါက သိထားသင့်သောနိမိတ်များအကြောင်း ….

၁။ သမီးရည်းစားလင်မယားနှစ်ယောက်တွဲလျှောက်နေတဲ့ကွားခွေးဖြတ်၀င်ရင်အဲ့အတွဲမကြာခင်ရန်ထသတ်တတ်ပါတယ်။

၂။မိန်းကလေးတွေခြေထောက်ကြားခွေးဖြတ်တိုးရင်သူ့ကိုမကြာခင် အဖေဆူမလား၊လင်ရိုက်မလားတစ်ခုခုပါပဲ။

၃။မွေးစကလေးကို ခွေးလျှာနဲ့လျှက်သွားရင်အဲ့ကလေးဆေးစွမ်းပါတယ်(နေမကောင်းရင်သူ့ဆေးတိုက်ခိုင်းပါ။

၄။ပျောက်ခဲတဲ့အနာကိုခွေး လျှာနဲ့လာလျှက်ပေးရင်းဆေးကုပေးတာပါ။မကြာခင်ပျောက်သွားတတ်ပါတယ်။

၅။အိမ်လာတဲ့ဧည့်သည် ခွေးမျက်ခြေပြတ်မခံရန်စောင်နေရင်အဲ့ဧည့်သည်အကြံဆိုးကြီးနဲ့လာလို့ပါသတိထားပါ။

၆။ဘာမှမရှိတဲ့နေရာခွေးစူးစူးစိုက်စိုက်ကြည့်နေရင်နာနာဘာ၀ တွေ့လို့ပါ။လှုပ်တာနဲ့သူ့ဘက် မလာအောင်ထဟောင်ပါလိမ့်မယ်။

၇။ဘယ်ခြေနဲ့ခွေးချေးနင်းမိရင်ကံကောင်းတတ်ပြီးညာခြေနဲ့ နင်းမိရင်တော့ကံဆိုးတတ်ပါတယ်။

၈။ခွေးလေခွေးလွင့်အိမ်အထိတကောက်ကောက် လိုက်လာရင်အကျိုးပေးပါတယ်မွေးထားပါ။ခွေးနက်ဆိုပိုကောင်းပါတယ်(မိုးရွာထဲမှာခွေးကိုယ့်နောက်လိုက်လာရင်အလိုက်မခံပါနဲ့။နိမိတ်မကောငျးပါ။

၉။ကိုယ်မသိတဲ့ခွေးစိမ်း ခပ်တည်တည်အိမ်ပေါ်တက်လာရင်မိတ်ဆွေကောငျးမကြာခင်ရတတ်ပါတယ်။

၁၀။ခွေးတွေကျိုကျိုကြားကြား ပုန်းအိပ်နေရငျလေမိုးပြင်းထန်တတ်ပါတယ်

၁၁။ခွေးမြက်စားရင်မကြာခင်မိုးကျပါတော့မယ်

၁၂။မမာတဲ့သခင်အနားခွေးလာကပ်တာသူအနှောင့်အယှက်မြင်လို့စောင့်ပေးတာပါ။မောင်းမထုတ်ပါနဲ့

၁၃။လူမမာရှိတဲ့အိမ်ကိုလမ်းကခွေးတှေမောင်းမရအောင်ဝိုင်းဟောင်းနေရင်အဲ့လူမမာအထူးဂရုစိုက်ပါ

၁၄။ကိုယ့်ခြံထဲမှာခွေးတွင်းနက်နက်တူးရင်အတူးမခံပါနဲ့လူသေတတ်ပါတယ်

၁၅။တစ်ကိုယ်လုံးမှာထိပ်ပဲကွက်ဖြူနေရင်အိမ် ပြောင်းတောငျအဲ့ခွေးအပါခ်ါသွားပါ။ဘယ်နေရာရောက်ရောက်အဆင်ပြေပါတယ်။

၁၆။မနက်စောစောကိုယ့်ကိုခွေးဟောင်ခံရရင်အဲ့နေ့အတွက်တော့ကံမကောင်းတော့ပါဘူး။

၁၇။ညအပြင်ထွက်တုန်း ကိုယ့်ရှေ့ခွေးမဲဖြတ်ပြေးရင်အန္တရာယ်တစ်ခုခုကြုံတတ်ပါတယ်။ သတိနဲ့သွားပါ

၁၈။ညမှောင်မှောင်မှာခွေးမဲကြောင်မဲလုံး၀လိုက်မရိုက်ပါနဲ့။ ကံဆိုးခြင်းတွေကိုယ့်ဆီရောက်လာတတ်ပါတယ်

၁၉။ အိပ်မက်ထဲခွေးလိုက်လို့ပြေးရရင်သင်ပူပန်နေတဲ့ပြဿနာတွေ မကြာခင်ပြီးသွားပါတော့မယ်

၂၀။အိပ်မက်ထဲခွေးကိုက်ခံရရင်သင့်ကိုမကျေနပ်သူရှိနေလို့ပါ။အုပ်လိုက်ဝိုင်းဆွဲခံရရင်တော့ အလုပ်ထဲကလူတွေသတိထားပါတော့credit

Be the first to comment

Leave a comment

Your email address will not be published.


*